MNP ၊ ဇွန် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက်(၁၅)နှစ် နှင့် (၁၈)နှစ်ကြား အောက်ရှိသူများအား (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covaxin ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ်နေရာ များတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အသက်(၁၅)နှစ် နှင့် (၁၈)ကြား အောက်ရှိသူများအားကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေး ပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ် ဆေး ထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေး မှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက် ပေး လျှက်ရှိသည်။
မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၅)နှစ် နှင့် (၁၈)နှစ်ကြား အောက်ရှိ သူ များအား(ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covaxin ထိုးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က အမျိုးသား ၅၂ ဦး ၊ အမျိုးသမီး ၇၂ ဦး စုစုပေါင်း ၁၂၄ ဦးအားဆက်လက် ထိုးနှံပေးခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့ထိ အသက်(၁၅)နှစ် နှင့် (၁၈)ကြား အောက်ရှိသူ ၂၆၂ ဦးအား ကျန်းမာ ရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးပြီး ဖြစ် ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment