စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose) များထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose) များထိုးနှံပေး

 



MNP - ဇွန်   ၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါလျော့ နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီမှစတင်၍ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၌ (Covishield) ထိုးနှံပြီး (၆)လပြည့်သူများကို(Booster Dose) များထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ(BoosterDose)ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်မျာ ၊ Hand  Spaker များဖြင့် လှည့်လည်ပြီးအသိပညာပေးနှိုးဆော်ခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသောညွှန် ကြားချက်များ  အတိုင်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း  အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့အထိ  First Dose   (၈၅၈၂၁) ဦး  Second Dose (၇၆၃၉၆)ဦးနှင့် Third Dose (Booster Dose)(၈၆၄၆)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၁၀၁.၁၈%)အားထိုးနှံပေးပြီးဖြစ်ရာကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှထိုးနှံခြင်း မရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)