မြိတ်ခရိုင်အတွင်း မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူများအား စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS)နှင့် မျိုးသန့်မျိုးပွားမျိုးစေ့ (RS)မျိုးများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်ခရိုင်အတွင်း မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူများအား စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS)နှင့် မျိုးသန့်မျိုးပွားမျိုးစေ့ (RS)မျိုးများထောက်ပံ့ပေးအပ်

 





MNP - ဇွန်   ၉


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၌ ဒေသဝမ်းစာဖူလုံရေးနှင့် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများရှိ တောင်သူများအား စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS)နှင့် မြို့နယ်များရှိ မျိုးစေ့ထုတ်တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ (RS)မျိုးများကို စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။


မြိတ်ခရိုင်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ်မြိတ်မြို့နယ် ဝန်မယ်ကျေးရွာတွင် (၃၂၅)ဧက၊ ကျွန်းစုမြို့နယ်မောင်းလှော်ကျေးရွာတွင်(၃၀၀)ဧက၊ ပုလောမြို့နယ်ရေချိုကျေး ရွာတွင် (၃၀၀)ဧက၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာတွင် (၃၀၀)ဧကတို့ကိုရွေးချယ်ပြီး မိုးစပါးစိုက်ဧက စုစုပေါင်း(၁၂၂၅)ဧကအတွက် တောင်သူ(၂၆၇)ဦးအား စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS) မျိုးစပါး(၁၂၂၅) တင်းနှင့် မြို့နယ်များမှ မျိုးစေ့ထုတ်ဧက(၂၃၆)ဧကအတွက် တောင်သူ(၅၀)ဦးအား မျိုးသန့်မျိုးပွားမျိုးစေ့(RS)မျိုး (၂၃၆)တင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။


မျိုးသန့်မျိုးပွားမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဉာဏ်ဇော်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးဒေါ်အင်ကြင်းခိုင်က ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာရှိ တောင်သူများအား မိုးစပါး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS)နှင့် မြို့နယ်များရှိ မျိုးစေ့ထုတ်ဧရိယာများအတွက် မျိုးသန့်မျိုးပွါးမျိုစေ့(RS)များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ဒေသဝမ်းစာဖူလုံရေးအတွက် တစ်ဧကအထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြိတ်မြို့နယ်ဦးစီးမှူးဦးဝင်းမြတ်စိုးက စပါးမျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားပြီး ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ တောင်သူများကိုယ်စားများ ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာမှတောင်သူတစ်ဦးနှင့် မျိုးစေ့ထုတ်တောင်သူများကိုယ်စား မြိတ်မြို့နယ်မှတောင်သူများကိုယ်စား တောင်သူတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားကြသည်။ ယင်းနောက် တောင်သူများအား စီးပွားဖြစ်မျိုးသန့်မျိုးစေ့မျိုးစပါးများနှင့် မျိုးစေ့ထုတ်မျိုးသန့်မျိုးပွားမျိုးစေ့များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)