MNP - ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံအရှေ့အုပ်စု တောင်သူ ဦးစိုင်းလုံ၏ လယ်မြေ(၅)ဧကတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကွင်း သရုပ်ပြပွဲအားကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမူးနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့် ဖိတ်ကြားထား သူများတက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မင်းမဟော် ကုမ္ပဏီလီမီတက်မှ တိုင်းမန်နေဂျာမှ တောင်သူများအား ဓါတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ အပင်ကြီးထွားအားဆေး၊ ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲတတ်စေရန် ဟောပြောပေးခဲ့သည်။
အဆိုပါ မိုးစပါးမျိုးစေ့ချကိရိယာ (DRUM SEEDER) စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးနည်းနှင့် စိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှု၊ မျိုးစေ့နှုန်းထားသက်သာမှု၊ ရာသီဉတုပြောင်းလဲမှု၊ ကုန်ကျစရိတ်သက်သာခြင်း စသည့်အကျိုး ကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ပင်လုံမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရှိရသည်။
သတင်း - အယ်မင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment