မလှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ် တမ်းများပါအချက်အလက်များအား e-ID DATA BASE အတွင်းသို့ Software ထည့်သွင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ် တမ်းများပါအချက်အလက်များအား e-ID DATA BASE အတွင်းသို့ Software ထည့်သွင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



MNP - ဇွန်   ၃


မလှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ် တမ်းများပါအချက်အလက်များအား e-ID DATA BASE အတွင်းသို့ Software ထည့်သွင်းခြင်းလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းအချိန်တွင် ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။


မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် (နိုင်-၄)မှတ်တမ်းများ ထည့်သွင်းခြင်းလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ဦးဆောင်မှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(မြို့နယ်ဦးစီးမှူးရုံး) မြို့နယ်ဦးစီးမှူးဦးသိန်းဟန်၏ အနီးကပ်ကြီးကြပ်မှုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(မြို့နယ်ဦးစီးမှူးရုံး)တို့မှ ဝန်ထမ်း(၂၀)ဦးတို့မှ ကွန်ပျူတာရေးသွင်းခြင်းလုပ်ငန်းများကို ကူညီပံ့ပိုးဆောင်ရွက်ခဲ့ပါသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(မြို့နယ်ဦးစီးမှူးရုံး) မြို့နယ်ဦးစီးမှူးဦးသိန်းဟန်က e-ID လုပ်ငန်းစဉ်သည် နိုင်ငံအတွင်းရှိ အသက် ၁၀ နှစ်နှင့်အထက်ရှိသူအားလုံးကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက် Biographic Data (၆)ချက်ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric Data) (၃)မျိုးကောက်ယူခြင်းလုပ်ငန်းစဉ်တွင် မလှိုင်မြို့နယ်အတွင်းရှိ အသက် ၁၀ နှစ်နှင့်အထက်ရှိသူ(၂၀၅၆၇၀)ဦးတို့၏ ကိုယ်ရေးအချက်လက်များကို Software ထည့်သွင်းခြင်းလုပ်ငန်းကို (၂၃.၅.၂၀၂၂)ရက်နေ့မှ စတင်၍ (၂.၆.၂၀၂၂)ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ကွန်ပျူတာရေးသွင်းခြင်းလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဝန်ထမ်း (၂၀)ဦးအတွက် ထောက်ပံ့ငွေကျပ်(၃)သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(မြို့နယ်ဦးစီးမှူးရုံး) မြို့နယ်ဦးစီးမှူးဦးသိန်းဟန်တို့က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)