ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ် သိန်း ၁,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Ecstasy-အက်တက်စီ(ခေါင်းခါဆေး)နှင့် Ketamine-ကက်တမင်းများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ် သိန်း ၁,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Ecstasy-အက်တက်စီ(ခေါင်းခါဆေး)နှင့် Ketamine-ကက်တမင်းများ ဖမ်းဆီးရမိ




MNP ၊ ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ် သိန်း ၁,၇၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် Ecstasy-အက်တက်စီ(ခေါင်းခါဆေး)နှင့် Ketamine-ကက်တမင်းများ ဖမ်းဆီးရ မိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ ဟိုတယ်အခန်း အမှတ်(၅၀၉)ကို သတင်းအရရှာဖွေရာ နိုင်လွင်နှင့် ဟိန်းသူစိုး(ခ) Shake တို့ ၂ ဦးအား Ecstasy-အက်တက်စီ (ခေါင်းခါဆေး)ဆေးပြား ၅၀ ၊ Ketamine-ကက်တမင်း ၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၇ နာရီတွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ထက်အောင်ဝေ(ခ)Jason ကို ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဟိုတယ်ကားပါကင်၌ Chevrolet မော်တော်ယာဉ်နှင့်အတူ Ecstasy-အက်တက်စီ (ခေါင်းခါဆေး)ဆေးပြား ၄,၀၀၀ ၊ Ketamine-ကက်တမင်း ဂရမ် ၁၇၀ ၊ Happy Water (စိတ်ပြောင်း ဆေးဝါးများ ရောစပ်ထားသောအမှုန့်) ၇ ဂရမ်စီပါ အထုပ် ၇၀ နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ မေ ၂၆ ရက် နံနက် ၇ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင် ပိုင်ရှင် ကောင်းစစ်(ခ) ကိုစစ် ကို Ketamine-ကက်တမင်း သုည ဒသမ ၂ ဂရမ်၊ Ecstasy-အက်တက်စီ (ခေါင်းခါဆေး) ဆေးပြား ၁ ပြား၊ Happy Water (စိတ်ပြောင်းဆေးဝါးများရောစပ်ထားသော အမှုန့်) ၁၅ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးတန်ဖိုး ငွေကျပ်သိန်း ၁,၇၀၀ ကျော် တန်ဖိုးရှိ Ecstasy-အက်တက်စီ(ခေါင်းခါဆေး)ဆေးပြား ၄,၀၅၁ ပြား၊ Ketamine-ကက်တမင်း ၁၇၃ ဒသမ ၂ ဂရမ်၊ Happy Water (စိတ်ပြောင်း ဆေးဝါးများ ရောစပ်ထားသောအမှုန့်) ၄၉၇ ဂရမ်တို့ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Ecstasy-အက်တက်စီ(ခေါင်းခါဆေး) ၁ ပြားလျှင် ငွေကျပ် ၆ သောင်း၊ Ketamine-ကက်တမင်း ၁ ဂရမ်လျှင် ငွေကျပ် ၆ သောင်း၊ Happy Water(စိတ်ပြောင်းဆေးဝါးများရောစပ်ထား သောအမှုန့်) ၇ ဂရမ်ပါ ၁ ထုပ်လျှင် ငွေကျပ် ၈ သောင်းနှုန်းဖြင့်  KTV နှင့် Entertainment/ Bar/ Club များတွင် လာရောက်ကြသည့် လူငယ်များကို ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများနှင့် အလားတူ လူငယ်များအန္တရာယ် ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဖြန့်ဖြူးရောင်းချမှုများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)