မြေပုံမြို့နယ်၊ ကံသာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ မြေဆွေးပုံပြုလုပ် သုံးစွဲနည်းများ တောင်သူပညာပေးသင်တန်းနှင့် သရုပ်ပြပွဲပြလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်၊ ကံသာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ မြေဆွေးပုံပြုလုပ် သုံးစွဲနည်းများ တောင်သူပညာပေးသင်တန်းနှင့် သရုပ်ပြပွဲပြလုပ်

 





MNP -  ဇွန်   ၁၂


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ခေါင်းဖြူကျေးရွာအုပ်စု၊ ကံသာကျေးရွာ အ.ထ.က(ကံသာ)ကျောင်းတွင် ယနေ့ နံနက် (၈)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာ အစားထိုးအသုံပြုစေရန်အတွက် အီးအမ်ဘိုကာရှီမြေဆွေး ပုံပြုလုပ်သုံးစွဲနည်းများ တောင်သူပညာပေး သင်တန်းနှင့်လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တောင်သူများအနေဖြင့် ယခုအခါ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေသည့်အချိန်တွင် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲတက်စေရန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယခုပြုလုပ်သည့်သင်တန်းတွင် အီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်းများကို စာတွေ့လက်တွေ့ဖြင့် လိုက်နာမှတ်သားပြီး လယ်ယာလုပ်ငန်းခွင်များတွင် အမှန်တကယ် ပြုလုပ်သုံးစွဲခြင်းဖြင့် ဓာတ်မြေဩဇာဈေးနှုန်း မြင်းမားခြင်းကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းကျော်လွှားနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းအေးခိုင်က အီးအမ်ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်းများ၊ ဓာတ်မြေဩဇာများကို နှစ်စဉ်ဆက်တိုက် အသုံးပြုစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်စေတက်ပြီး သစ်စီမ်းမြေဩဇာများကို ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခြင်း စသည့်ကို ပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် အခမ်းအနားသို့ ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၆၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အီးအမ်ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းကို လက်တွေ့သရုပ်ပြပွဲ ဆက်လက်ကျင်းပရာ တောင်သူများကိုယ်တိုင် စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - တင်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)