MNP ၊ ဇွန် ၃၀
facebook လူမှုကွန်ရက်စာမျက်နှာတွင် follower ကိုးထောင်ကျော် ရှိသော အိမ့် မြတ် ချယ် (မူဆယ်သူလေး) facebook account မှ ဖူးပွင့်စည်မိသားစု ဆိုင်ကယ်အရောင်းပြခန်း အမည်ဖြင့် ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ ပြသ၍ မှာယူသူများထံမှ ငွေကြေးလိမ်လည် ရယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မှာယူပြီး ငွေကြေး အလိမ်ခံရသူတစ်ဦးက "သူ့အကောင့် က follower လည်း အထိုက်အလျောက် ရှိတယ်။ နောက်ပြီး မူဆယ်ကဆိုတော့ တရုတ်ဘက်က သွင်းတဲ့ ပစ္စည်းတွေ ဈေးသက်သက်သာသာ နဲ့ ရတယ်လို့ ထင်မိတာပါ။ ၂၂၀၀၀ ဆိုတဲ့ ဘက်ထရီ ဘီးလေးတစ်စီး မှာလိုက်တယ်။ ၂ရက်ကြာရင် ပစ္စည်းရောက်ပါမယ် လို့ ပြောတယ်။ ငွေလွှဲပေးရမယ်ဆိုလို့ တန်ဆာခရော ပစ္စည်းဖိုးရော လွှဲပေးထားပါတယ်။ အဲဒီ ၂ရက် အတွင်း ဘောင်ချာပို့ပေးပါ ပြောတော့ ဟိုလိုလို ဒီလိုလိုနဲ့ မပို့ဘူး။ သူ့ KBZ Pay မှာ Min Thu Wai လို့ ပါ တယ်။ KBZ Pay အနေနဲ့ လူလိမ် ရဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ အကူအညီ တောင်းခံထားပါတယ်။" ဟု ပြောသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ဆက်စပ် ရှာဖွေကြည့်ရာ Shwe Pyae အမည်ဖြင့် facebook အသုံးပြုသူက "ဖူးပွင့်စည်( အိမ့်မြတ်ချယ်) အမည်ဖြင့် ကျွန်တော်တို့ မိသားစုပုံသုံးပြီး ဆိုင်ကယ်နှင့် ဖုန်းဘေများ လိမ်ညာရောင်းချနေပါသည်။
(အိမ့်မြတ်ချယ်) Facebook Account/ Page သည် ကျွန်ုပ်တို့ မိသားစုနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်းနှင့် ၎င်းနှင့်ပတ်သက်ပြီးမည်သည့်အရာမျှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ အပန်းမကြီးရင် အောက်က Link မှာ Report ထုပေးကြပါအူး သူငယ်ချင်းတို့။ https://www.facebook.com/profile.php?id=100072467291550 " တို့ ဟု ရေးသားပြောဆိုထားသည်။
အလားတူ Ko Gyi Nan အမည်ဖြင့် facebook အသုံးပြုသူကလည်း "ဖူးပွင့်စည် ( အိမ့်မြတ်ချယ်) အမည်ဖြင့် ကျွန်တော်တို့ မိသားစုပုံသုံးပြီး ဆိုင်ကယ်နှင့် ဖုန်းဘေများ လိမ်ညာရောင်းချနေပါသည်။ ဖူးပွင့်စည် (အိမ့်မြတ်ချယ်) Facebook Account/ Page သည် ကျွန်ုပ်တို့ မိသားစုနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်းနှင့် ၎င်းနှင့်ပတ်သက်ပြီးမည်သည့်အရာမျှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ အပန်းမကြီးရင် အောက်က Link မှာ Report ထုပေးကြပါအူး သူငယ်ချင်းတို့။
https://www.facebook.com/profile.php?id=100072467291550 " ရေးသား ပြောဆိုထားသည်။
အခြားသော ဆိုင်ကယ်ပစ္စည်းမှာ ယူသူတစ်ဦးက"ကျွန်တော်လည်း ပစ္စည်းလေးကြိုက် တန်လည်း တန်တယ်ဆိုပြီး မှာလိုက်တာ။ ငွေ ၆သိန်းခွဲ ပါသွားပါတယ်။ ပစ္စည်းရောက်မလာဘူး။ သူပေးထားတဲ့ ဖုန်းတွေကို ဆက်လည်း တစ်လုံးမှ မကိုင်ဘူး။ facebook မှာလည်း block သွားပါတယ်။ KBZ Pay အနေနဲ့ 09695331226 နဲ့ သုံးနေတဲ့ (Min Thu Wai) ရဲ့ K Pay အကောင့်ပိုင်ရှင်ရဲ့ အချက်အလက်တွေကို ချပြပေးရင်တော့ သက်ဆိုင်ရာမှာ တရားစွဲဆိုချင်ပါတယ်။" ဟု ပြောသည်။
အများပြည်သူ အနေဖြင့် Online မှ ဈေးရောင်းချနေမှုများအပေါ် အယုံအကြည် မလွယ်ဖို့နှင့် ငွေကြေးလက်လွန်မှုမဖြစ်စေဖို့ ဆက်သွယ်ပြောကြားလာသည့်အပေါ် မြန်မာနေရှင်နယ်ပို့စ် အနေဖြင့် ဖော်ထုတ် တင်ပြလိုက်ရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment