ကျား/မရေးရာ (Gender)နှင့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျား/မရေးရာ (Gender)နှင့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - ဇွန်   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန် ခန်းမ၌ ကျား/မရေးရာ (Gender)နှင့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျား/မရေးရာ အခြေခံ သဘောတရားများကို သိရှိနားလည်စေရန်နဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ကျား/မ ရေးရာသဘောတရားများကို အခြေခံသော ကျား/မ အခြေပြုအကြမ်းဖက်မှုတို့၏ ဆက်စပ်ပုံကို နားလည် သဘောပေါက်စေရန် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နော်သဝါးက ကျား/မ အခြေပြုအကြမ်းဖက်မှုကို အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာထိခိုက်စေခြင်း(သို့) ခံစားစေခြင်းတို့ ပြုလုပ်မည်ဟု ခြိမ်းခြောက် အကြပ်ကိုင်ခြင်းနှင့် အခြားသော လွတ်လပ်ခွင့်များအား မတရားသဖြင့် ပိတ်ပင်တားမြစ်ခြင်းတို့ကို ဆိုလိုပါကြောင်း UN မှ ၁၉၉၃ ခုနှစ်တွင် GBV အား အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ နိုင်ငံတော်အစိုးရမှ ကျား/မရေးရာ အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေး အတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ကျုးလွန်သူတရားခံများကို ဥပဒေအရ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေးအတွက် တရားစွဲဆို ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီး အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးအတွက် Special Law များ ပြဋ္ဌာန်းချမှတ်ထားရှိပါ ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။


အခမ်းအနားသို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နော်သဝါး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)