မောင်တောမြို့၌ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြော





MNP ၊ ဇွန်   ၂၉ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ  အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက အမှာစကားပြောကြားကာ 

 မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် က အကြမ်းဖက်မှု  ကိစ္စရပ်များ ၊  လက်ရှိမြန်မာနိုင်ငံအတွင်း  အမျိုးသမီး များ အား အကြမ်း ဖက်မှု  ဖြစ်ပွားခဲ့မှု အ‌ခြေ အနေ များ နှင့် ကျားမ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်း အရာများ ၊ အကြမ်း ဖက်မှု တုန့်ပြန်ဆောင်ရွက်မှု အတွက် အခြေခံလမ်းညွန်းများ ၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများသည် နေရာမရွေး ၊ အချိန်မရွေး ဖြစ်ပွားနိုင်ပါကြောင်း ၊  အကြမ်းဖက်မှု အမျိုးမျိုး ၊ ကျားမအခြေပြုအကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြား သတ်မှတ်သည့် ကျား၊မ ရေးရာ စံနှုန်းများအပေါ် အခြေခံ၍ တစ်ဦး တစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နှစ်နာစေရန် ကျူးလွန်မှုများသည် ထိခိုက်နစ်နာမှု(သို့မဟုတ်) ဝေဒနာခံစားမှု များကို ဖြစ်ပေါ်စေသည့် အပြု အမှုများ ၊ ထိုအပြုအမူများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း နှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြား အပြု အမှု များ ပါဝင်ကြောင်း ၊ အကြမ်းဖက်မှု အကျိုးအဆက်များ ၊ ပြစ်မှု ကျူးလွန်သူများအား ပြစ်မှု  နှင့် ပုဒ်မ(ကျင့်ထုံး) ၊ ပြစ် ဒဏ်များ ၊ အကြမ်းဖက်မှု ဖြစ် ပွားပါက တိုင်ကြား ဆက်သွယ်ရမည် နေရာများ ၊  အခြေအနေများနှင့် ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်း ပြသ ပြောကြားခဲ့ပြီး  အသိပညာ ပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်း  နှင့် ဆရာ၊ဆရာမများ ၊  ကျောင်း သား၊ သူများ စုစုပေါင်းအင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)