အမ်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေး ၂၀၂၂ ခုနှစ် မိုးရာသီ (ICM) ဒီရေတောပင်နှင့် အရိပ်ရ တစ်အုပ်တစ်မ သစ်ပင်စိုက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေး ၂၀၂၂ ခုနှစ် မိုးရာသီ (ICM) ဒီရေတောပင်နှင့် အရိပ်ရ တစ်အုပ်တစ်မ သစ်ပင်စိုက်ပွဲကျင်းပ


MNP ၊ ဇွန် ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊အမ်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေး ၂၀၂၂ ခုနှစ် မိုးရာသီ (ICM)  ဒီရေတောပင်နှင့် အရိပ်ရ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ကအမ်းမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အမ်း-စစ်တွေကားလမ်းအနီးကံ့ကော်တစ်ထောင်ဘုရားကုန်းနှင့် စနဲကျေးရွာ ဒီရေတောတို့တွင်ကျင်းပခဲ့ကြောင်းသိရှိရသည်။

 သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေး မိုးရာသီ(ICM) ဒီရေတောပင်နှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်း စီမံချက်အရ အမ်းမြို့ နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင် မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွာသာယာကျေးရွာမှ ကျေးရွာသူကျေးရွာသားများ(၈၀)ဦးခန့်က အမ်း-စစ်တွေကားလမ်းအနီးကံ့ကော်တစ်ထောင်ဘုရားကုန်းတွင် မိုးရာသီ အရိပ်ရ တစ်အုပ်တစ်မ သစ်ပင်စိုက် ပျိုးပွဲ၌ မန်ဂျန်ရှား(၂၀၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ ကျွန်း(၅၀)ပင် စုစု ပေါင်း အရိပ်ရပင် (၃၀၀)ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍နေ့လည်ပိုင်းတွင် မိုးရာသီ (ICM) ဒီရေတောပင်စိုက်ပျိုးပွဲကို စနဲကျေးရွာ ဒီရေတောတွင် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်၍ ဝန်ထမ်း (၁၀)ဦးနှင့်အတူ ကျေးရွာသူကျေးရွာသား(၂၀) ဦးခန့် ပူးပေါင်းပါဝင်၍ ဗျုးခြေတောက် အဖိုပင် (၂၅၀)ပင်၊ ဗျုးခြေတောက် အမပင် (၂၅၀)ပင် စုစုပေါင်း (၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးကြခဲ့ကြောင်းသိရှိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)