မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့်အစီအစဉ် Integrated Plan of Action (IPA) ရှင်းလင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့်အစီအစဉ် Integrated Plan of Action (IPA) ရှင်းလင်းပွဲအခမ်းအနားကျင်းပ



MNP - ဇွန်   ၄


ရခိုင်ပြည်နယ်၊ မြောက်ဦးရှေ့ဟောင်းယဉ်ကျေးမှုမြို့တော်ကို ယူနစ်စကိုဝင် ရောက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ် Integrated Plan of Action (IPA) ရှင်းလင်းပွဲ အခမ်း အနားကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင် သွင်းရေးအတွက် နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS)အဖွဲ့မှ စာတွေ့၊ လက်တွေ့ လာရောက်စစ်ဆေးမည်ဖြစ်၍ မြောက်ဦးခရိုင်အတွင်းရှိ ဆရာတော်များ၊ သံဃာတော်များ၊ ဆက်စပ်ဌာနများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဂေါပကများ၊ ဒေသခံများ၊ NGOS များတို့နှင့် တွေ့ဆုံပြီးဆန်းစစ်မှာဖြစ်၍ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်စိမ်းနွယ် မှလည်း  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အစီအစဉ် Integrated Plan of Action (IPA) အားရှင်းလင်းပြောကြားရာတွင် ယခု (IPA) Nomination Dossier Volum III ရှိ IPA  ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များပူးပေါင်း ရေးဆွဲထားရာ အင်္ဂလိပ်ဘာသာမှ  မြန်မာဘာသာကို တိုက်ရိုက်ဘာသာပြန်ဆို ထားသည့်အတွက် ဖတ်ရှုရတာ နည်းနည်း ခက်ခဲမည်ဖြစ်၍ ICOMOS က လာရောက်ဆန်းစစ်မည့် ပညာရှင်များသည် မြေပြင်ကွင်းဆင်းစစ်ဆေးမှာဖြစ်သလို ဆက်စပ်သော ဌာနဆိုင်ရာများမှလည်း ကြိုတင်၍ လုပ်ဆောင်သွားကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးစိုးသက်၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - မြင့်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)