ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသော KIA နှင့် NUG ရဲ့ လမ်းစဉ်မှာ အတူတူပင် ဖြစ်ကြောင်း ဦးမောင်မြင့် သုံးသပ်ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသော KIA နှင့် NUG ရဲ့ လမ်းစဉ်မှာ အတူတူပင် ဖြစ်ကြောင်း ဦးမောင်မြင့် သုံးသပ်ပြောဆို


MNP ၊ ဇွန် ၁

မင်းကင်းဦးမောင်မြင့်က ပညာရေးကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေသော NUG အကြမ်းဖက်အဖွဲ့၏ လမ်းစဉ်နှင့် KIA ကျင့်သုံးခဲ့သော လမ်းစဉ်မှာ အတူတူပင်ဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။


ဦးမောင်မြင့်က "သောင်းကျန်းသူတွေထဲမှာ ကေအိုင်အေ က ဇော်တူး ဇော်တန် ညီအကိုက အစပြု ခဲ့တာပါ။ သူတို့က ခေတ်ပညာတတ်တွေပါ။ သူတို့ဇာတိ ပန်ရှောင်ရွာကို ရောက်ဘူးပါတယ်။ ကေအိုင်အေက လမ်းပန်းဆက်သွယ်ရေး တွေ ဖျက်ပစ်တယ် သူတို့အားကောင်းစဉ်က မြစ်ကြီးနား ဗန်းမော်လမ်းက တံတားတွေ မီးရှို့ဖျက်ဆီးလို့ သွားမရတာ နှစ်ဆယ်ချီ ကြာပါတယ်။ ကျောင်းတွေလည်း ပိတ်အောင်လုပ်တာပဲ။ ရွာတွေလည်းပျက်တာပေါ့၊ နောက်ဆုံး မြို့အဆင့်ဖြစ်တဲ့ အင်ဂျန်းယန်တောင် လုံးဝ ပျက်သွားပါတယ်။ သူ့လူတွေ စာမတတ်အောင်လုပ်တယ်။ သူ့လူတွေ ဆင်းရဲအောင်လုပ်တယ်။ ဒါမှ သူတို့ ရေရှည်လွှမ်းမိုးချယ်လှယ်နိုင်မယ်။ အဲဒီဖြစ်စဉ်တွေက မကြာမတင်ကာလက ကေအိုင်အေ လုပ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေ။ အခု NUG ကရော၊ သူလည်း ဘာထူးလို့လဲ။ ကေအိုင်အေလမ်းစဉ်ပါပဲ ၊ ကေအိုင်အေ နောက်မြီးဆွဲပေါ့။ ပိုဆိုးတာက ကျောင်းမတက်တဲ့ကလေးတွေ အတွက် အာမခံပါတယ် ဆိုတဲ့ စကားပဲ။ သူတို့ခေါင်းဆောင်အဖွားကြီးကလည်း ကျောင်းမတက်တဲ့ ကလေးတွေက ကျောင်းတက်တဲ့ ကလေးတွေထက်ဆင်ခြင်တုံတရား ပိုရှိတယ်လို့ ယခင်ကပြောဘူးထားတဲ့ စကားရှိနေတော့ ဒီလိုခေါင်းဆောင်တွေ ပြန်မလာနိုင်ဖို့ လိုပါသဗျ။" ဟု ထောက်ပြပြောဆိုထားသည်။

ဦးမောင်မြင့်က " ပြန်လာရင် ဘာဖြစ်မှာလဲ လို့ မေးခွန်းထုတ် ချင်ကြပါသလား။ မိမိအမြင်ကတော့ သူတို့ ပြန်လာရင် နိုင်ငံ ဖျက်ကြမှာမို့" ဟု ပြောဆိုထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသည့် ကာလအတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက် လူယုခြင်း၊ ကျောင်းများကို မီးရှို့၊ မိုင်းခွဲဖျက်ဆီးခြင်း၊ ကျောင်းအပ်လက်ခံနေသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးကို ဖမ်းဆီးသွားခြင်း အစရှိသော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။ ၃၁-၅-၂၀၂၂ ရက်နေ့က နောင်ချိုမြို့နယ် ပညာရေးမှူးရုံးကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးပြီး ကျောင်းအုပ်ဆရာကြီး ၃ဦး၊ ဆရာ/ဆရာမ ၄ဦး၊ အရပ်သား ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)