ငြိမ်းချမ်းရေးဆွေးနွေးပြီးဖြစ်သော KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများ အတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းရေးဆွေးနွေးပြီးဖြစ်သော KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများ အတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့





ဘားအံ ဇွန် ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနမှ ငြိမ်းချမ်းရေးဆွေးနွေးပြီးဖြစ်သော KNU/KNLA(PC) ဌာနချုပ်ထို့ကော်ကိုးဒေသရှိ ကျောင်းသား /သူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ငြိမ်းချမ်းရေးမရှိလျှင် အစစအရာရာ နောက်ကျ ကျန်နေမည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အတူတကွလက်တွဲ၍ ထာဝရငြိမ်းချမ်းရေးရရှိသည်ထိ ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အတတ်နိုင်ဆုံးဝိုင်းဝန်းကူညီပံ့ပိုးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အနာဂတ်၏ရင်သွေးငယ်များ ပညာရေးတွင် ထူးချွန်ထက်မြတ်၍ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်စေရန် ဝိုင်းဝန်း ပံ့ပိုး ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးနှင့်ပတ်ဝန်းကျင် ဒေသရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ ကိုလည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြား ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။


ယနေ့အခမ်းအနားတွင် ဗလာစာအုပ်ဒါဇင်(၁၅၀၀)နှင့် KG တန်းမှ Grade 10 ထိ ကျောင်းသုံး ပုံနှိပ်စာအုပ် ၅၃၀၃ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)