မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်၏ Land Mark အမှတ်အသားဖြစ်သည့် ထန်းပင် စိုက်ပျိုးပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်၏ Land Mark အမှတ်အသားဖြစ်သည့် ထန်းပင် စိုက်ပျိုးပွဲတက်ရောက်

  


MNP - ဇွန်  ၁၈                                                                                    


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ‌မော်လမြိုင်မြို့နယ်၏ Land Mark အမှတ်အသားဖြစ်သည့် ထန်းပင်များ စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်အတူ မော်လမြိုင်-ကျိုက်မရောလား လမ်းဘေးဝဲယာတစ်လျောက် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်၊၊


ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းဘေးဝဲယာတစ်လျှောက် ထန်းပင်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး၊ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်၊၊


မော်လမြိုင်မြို့နယ်၏ အမှတ်အသားဖြစ်သည့် ထန်းပင်များ စုပေါင်းစိုက်ပျိုးခြင်းကို မော်လမြိုင်-ကျိုက်မရော ကားလမ်းအရှည် (၂၅၀၀)ပေအထိ ရှည်လျားသည့်လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မော်လမြိုင်မြို့နယ်ရှိက ဒေသခံပြည်သူ (၅၂၀)ဦး ခန့်က ထန်းပင်စုစုပေါင်း (၄၅၀)ပင်ကို စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ Land Mark အမှတ်အသား စိုက်ပျိုးသော ထန်းပင်များ ရှင်သန်ကြီးထွားချိန်တွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များနှင့် ဒေသခံ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်မည်ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းအတွက်လည်း အထာက်အကူပြုမည်ဖြစ်ကြောင်း  စိတ်အပန်းဖြေသွားလာ လည်ပတ်နိုင်သည့် ခရီးသွားမြို့တော်နေရာတစ်ခုအဖြစ် ဖွံ့ဖြိုးဝေစည်လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)