ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ကြည့်ရှု အားပေးပြီး မြန်မာနိုင်ငံလူမှုကူညီ ကယ်ဆယ်ရေးအသင်းက ချင်ပြည်နယ် တာဝန်ခံရုံး (Myanmar Rescue Kachin) အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ကြည့်ရှု အားပေးပြီး မြန်မာနိုင်ငံလူမှုကူညီ ကယ်ဆယ်ရေးအသင်းက ချင်ပြည်နယ် တာဝန်ခံရုံး (Myanmar Rescue Kachin) အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေး


          

MNP - ဇွန်   ၁၉


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိရာယမန် နေ့ နံနက် ၈ နာရီတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့် အတူ မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် တပ်မတော်သားမိသားစုများ စုပေါင်း၍ ကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်း၊ ရေနှုတ်မြောင်း များ ရှင်းလင်းခြင်း၊ ရေတွင်းရေကန်များ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် ပေးခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။


အလားတူ ဒူကထောင်ရပ်ကွက်၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၊ ဆွတ်ငိုင်တော်(စီတာပူ)ရပ်ကွက်အတွင်းရှိ Rest In Peace Group နှင့် မြန်မာနိုင်ငံလူမှု ကူညီကယ်ဆယ်‌ရေးအသင်း (Myanmar Rescue Kachin) ကချင်ပြည်နယ် တာဝန်ခံရုံး သစ်အဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ပြီး အဆောက် အအုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ်သည် သိက္ခာတော်ရ ဦးမဒိန့်ဇန်ဇုန်းကျန်း၊ သိက္ခာတော်ရ ဦးJZ ဂျုံးခေါင်၊ အသင်းဥက္ကဋ္ဌ ဦးညီညီထွေး(ခ) ဦးဂျပ်မုန်ဒွဲလတို့နှင့် အတူ ဆုတောင်းဆက်ကပ် ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် ဆုတောင်းဆက်ကပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး သိက္ခာတော်ရဆရာများက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ဒေသနာ တော်ကြားနာခြင်း၊ ကောင်းကြီးပေးဆုတောင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသင်းအတွက် ‌ချီးမြှင့် ထောက်ပံ့ငွေကျပ် ၁၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)