MNP ၊ ဇွန် ၂၉
ကျွန်းလှမြို့နယ်၊ အင်တိုင်ကျေးရွာမှာ အိမ်ထောင်ကျပြီး သွားရောက်နေထိုင်တဲ့ ကန့်ဘလူမြို့နယ်၊ တောက်ကရှက်ကျေးရွာက ကိုဟန်ဇော်ထွန်းကို တပ်မတော်စစ်ကြောင်းများအား လမ်းပြပေးခြင်း၊ ကိုဟန်ဇော်ထွန်း၏ တဲတွင် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေး ဓာတ်ပုံချိတ်ဆွဲထားတာကို အပြစ်ရှာပြီး ဒလန်စွပ်စွဲကာ PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီး နှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။
ကိုဟန်ဇော်ထွန်း ဟာ ကန့်ဘလူမြို့နယ်၊ တောက်ကရှက်ကျေးရွာအုပ်စု၊ တောက်ကရှက်ကျေးရွာ မှ ဦးကျော်ဌေး၊ ဒေါ်မိလှ ၏ သား ဖြစ်ပါတယ်။ ကျွန်းလှမြို့နယ်၊ အင်တိုင်းကျေးရွာ မှ ဦးရွှေဝင်း ဒေါ်လှဝေ တို့၏ သမီး မမြတ်နိုးဝေ နဲ့ အိမ်ထောင်ကျပြီး ကျွန်းလှမြို့နယ်၊ အင်တိုင်းကျေးရွာ တဲတိုက်တွေမှာ လိုက်ပြီး နေထိုင်သူဖြစ်ပါတယ်။
ကိုဟန်ဇော်ထွန်းကို KIA, PDF အကြမ်းဖက်သမားတွေက ပစ်မှတ်ထားလာခြင်း အကြောင်းအရင်း ၂ချက် ရှိပါတယ်။ ထမအချက်ကတော့ လွန်ခဲ့တဲ့ ၃လပိုင်းလောက်က ၃၆၃ တပ် စစ်ကြောင်းရောက်လာတဲ့အချိန်မှာ မော်တုံ၊ မော်ကယ် ဘက် နယ်မြေရှင်းသွားရာမှာ လိပ်ဆင်းတောင်ထိအောင် လိုက်ပြီး လမ်းပြဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ တပ်မတော်စစ်ကြောင်းများကို ၂ကြိမ်တိုင်တိုင် အန္တရာယ်ကင်းရှင်းစွာနဲ့ လိုရာခရီးရောက်အောင် လမ်းပြဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။တပ်မတော်စစ်ကြောင်းလာမယ့် လမ်းကြောင်းမှာ PDF က မိုင်းထောင်ထားတာတွေ ရှိတော့ ကိုဟန်ဇော်ထွန်းက လယ်ကြိုလယ်ကြား၊ ကုန်းကြိုကုန်းကြားက လမ်းပြပေးခဲ့တဲ့အတွက် PDF ဆင်ထားတဲ့ ဂွင်ထဲကို မရောက်ဘဲ တပ်မတော်သားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နောက်တစ်ချက်ကတော့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရဲ့ ဓာတ်ပုံ သူ့ရဲ့ တဲမှာ ချိတ်ဆွဲထားတာကို အပြစ်ရှာပြီး ဒလန်စွပ်စွဲ ခဲ့ကြခြင်းဖြစ်ပါတယ်။
စစ်ကြေားကို လမ်းပြခဲ့တာရော၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဓာတ်ပုံ ချိတ်ဆွဲထားတာကိုပါ အကြောင်းပြုပြီး ဒလန်စွပ်စွဲကာ
ကျွဲတဲကျေးရွာမှာ ရောက်ရှိနေတဲ့ PDF၊ KIA ကောလင်း PDF တွေလည်း ပါဝင်ပါတယ်။ ကျွဲတဲစာသင်ကျောင်းမှာပဲ စခန်းချပြီး အကြမ်းဖက်သင်တန်းလည်း ပေးတယ်။ စစ်ကြောင်းကို လမ်းပြပေးရကောင်းလား၊ ဦးသန်းဌေး ပုံကို မင်းအဖေပုံလားလို့ ပြဿနာရှာပြီးတော့ ဓာတ်ပုံကို မီးရှို့၊ ကိုဟန်ဇော်ထွန်း ခြေထောက်ပေါ်ကိုလည်း မီးစက်တွေချ၊ ရိုက်နှက် ထိုးကြိတ် စစ်ဆေးတွေ လုပ်ခဲ့ကြပါတယ်။ ခြေထောက်ရော၊ တင်ပါးရော၊ ကျောကုန်းရော၊ လက်မောင်းမှာရော ဒဏ်ရာတွေနဲ့ သူ့ကို ဖမ်းဆီး သွားပြီး ခြောက်ပေါက်ထဲမှာ ထည့်ထားပါတယ်။ ကျွဲတဲကျေးရွာ PDF ၊ KIA အကြမ်းဖက်သမားများ စခန်းချနေရာ ကျွန်းလှမြို့နယ်၊ ကျွဲတဲကျေးရွာ စာသင်ကျောင်း အမှောင်ခန်းထဲမှာ ထားပါတယ်။
မနက်ဖန် သတ်မယ်လို့ ရည်ရွယ်ပြီး ချုပ်နှောင်ထားခြင်း ဖြစ်ပါတယ်။ PDF အကြမ်းဖက်သမားတစ်စုက ညတွင်းချင်း သေနတ်နဲ့ ပစ်သတ်မယ်လုပ်တော့ တချို့PDF တွေက ကျည်ဆံအလကားရတာမဟုတ်ဘူး၊ ပိုက်ဆံပေးဝယ်ရတာ၊ ကိုယ့်လက်ထဲရောက်နေမှ ဓားနဲ့ သတ်သတ်၊ ကြိုးပေး သတ်သတ် ရတာပဲ ဆိုပြီး နံနက် ၇ နာရီ မှာ သတ်ဖို့ စီစဉ်ထားပါတယ်။
သေမှာ သိနေတဲ့ ကိုဟန်ဇော်ထွန်းက ခြောက်ပေါက်ကို ရအောင်ဖြုတ်ပြီး ကျွဲတဲစာသင်ကျောင်းဝန်းထဲက အမှောင်ခန်းထဲကနေ ရအောင် ရုန်းထွက်ခဲ့ပါတယ်။ ကျွဲတဲရွာ စာသင်ကျောင်း ခြောက်ပေါက်ထဲက နေ လွတ်မြောက်ဖို့ ည ၈ လောက်ကတည်းက ကြိုးစားလိုက်တာ ၂နာရီလောက်မှာ ခြောက်ပေါက်ကို ဖွင့်ပြေးနိုင်ခဲ့ပါတယ်။
ကျွဲတဲရွာ အရှေ့ဘက် အင်တိုင်းရွာဘက်ကို တောလမ်းအတိုင်း ပြေးတဲ့အခါမှာ PDF အုပ်စုက လိုက်ဖမ်းကြပါတယ်။ Drone ပါ လွှတ်ပြီး သူ့ကို ရှာဖွေတဲ့အခါ Drone သံကြားရင် သစ်ပင်အကြိုအကြား ဝပ်နေလိုက်၊ ပြေးလိုက် နဲ့ နောက်ဆုံး သူဟာ ကန့်ဘလူမြို့နယ်ဘက် စန္ဒယား၊ ကျောက်အိုင်၊ ငှက်ပျောတော ဘက် ရောက်လာတော့ ထမင်းလည်း မစားရ၊ ရေလည်းဆာတော့ တဲတစ်တဲမှာ ရေတောင်းသောက်တဲ့အခါ ရေတောင်းသောက်မိတဲ့ တဲက PDF ဖြစ်နေပြန်ပါတယ်။
တဲရှင်က PDF တွေကို ဆက်သွယ်အကြောင်းကြားတော့ အဲဒီမှာ တစ်ခါထပ်ပြီး PDF ၅၀ လောက် ဝိုင်းထားခြင်းကို ခံရပါပြန်ရော။ အဲဒီမှာ ခြံပုတ်ထဲကို ဝပ်ပုန်းနေပြီး ငှက်ပျောတော၊ ကျောက်အိုင်ကနေမှ အဆင့်ဆင့်လာခဲ့ရာ ၂ရက် ၃ရက် ကြာ ထမင်းမစားရဘူး။ လမ်းမှာတွေ့တဲ့ သရက်သီးတွေ့ သရက်သီးကောက်စားပြီး PDF အကြမ်းဖက်သမားတွေရဲ့ လက်တွင်းက လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ပါတယ်။
အဆင့်ဆင့် ပြေးလွှားပုံရှောင်ပြီး လာခဲ့ရတဲ့ ကိုဟန်ဇော်ထွန်း ဟာ တောက်ကရှက်ကျေးရွာရဲ့ အရှေ့ဘက်က ပိတ်ချင်းမြောင်ရွာ ခြံနွယ်ပိတ်ပေါင်းတွေကြား မှာ ပုန်းအောင်နေပြီး သူ့အစ်ကို ဆိုင်ကယ်နဲ့ တွေ့တော့မှ အပြင်ထွက်လာပြီး ဆရာတော်ဦးဝါသဝထံ သတင်းပို့ ပြည်သူစစ်တပ်ဖွဲ့ဝင်များ သိုင်းဝိုင်းပြီး သွားခေါ်လာခဲ့ရပါတယ်။ ဆေးဝါးကုသပေးပြီး ၂၈-၆-၂၀၂၂ ရက်နေ့မှာ သက်ဆိုင်ရာ တပ်မတော်အရာရှိထံ သွားရောက် အပ်နှံပေးခဲ့ပါတယ်။
ကိုဟန်ဇော်ထွန်း မှတ်မိသမျှကို ပြန်ပြောတဲ့ အထဲမှာ ရေနံကားတွေ ထွက်နေတယ်။ ရေနံကား အတက်ကို ၅သောင်း၊ ရေနံကား အဆင်းကို ၁သိန်း PDF နဲ့ KIA က ဆက်ကြေးကောက်ပါတယ်။ သူ့ကိုဖမ်းဆီးထားရာ ကျွန်းလှမြို့နယ်၊ ကျွဲတဲကျေးရွာမှာ စခန်းချနေတဲ့ PDF နဲ့ KIA အင်အားဟာ ၂၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။ PDF အကြမ်းဖက်သမားတွေရဲ့ လက်တွင်းက လွတ်မြောက်ဖို့ ကြိုးစားရင်း ကန့်ဘလူမြို့နယ်ထဲရောက်လာပြန်တော့လည်း စန္ဒယား၊ ကျောက်အိုင်၊ ငှက်ပျောတော၊ တပေါင်ရွာတွေမှာလည်း မောင်းပြန်သေနတ်တွေကိုင်ထားတဲ့ PDF အကြမ်းဖက်သမားတွေနဲ့ တည့်တည့်တိုးရပြန်ပါတယ်။
ကိုဟန်ဇော်ထွန်း ဟာ ပါပီလွန်လို ရေခြားမြေခြားက အကျည်းထောင်များကို ဖောက်ထွက်ပြေးခဲ့တဲ့သူ မဟုတ်ပါဘူး။ သူ့ကို အဆုံးစီရင်ဖို့ ပြင်ဆင်ထားတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ လက်တွင်းက လွတ်မြောက်အောင် ရုန်းထွက်ခဲ့ရသူ တစ်ဦးဖြစ်ပါကြောင်း။
https://t.me/MyanmarNationalPost
No comments:
Post a Comment