NLD အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်နှင့် ၈၈ ပွင့်လင်း မှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီတို့ ဘယ်လိုပြစ်မှုမျိုးတွေ ကျူးလွန်ခဲ့သလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်နှင့် ၈၈ ပွင့်လင်း မှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီတို့ ဘယ်လိုပြစ်မှုမျိုးတွေ ကျူးလွန်ခဲ့သလဲ

 


ဒီကနေ့မှာပဲ NLD အစွန်းရောက် အကြမ်းဖက်အဖက်သမားများထဲက အကြမ်းဖက်သမားများကို ချမှတ်ထားသော ပြစ်ဒဏ်အတိုင်းသေဒဏ်စီရင်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ သေဒဏ်စီရင်ခြင်း ခံရသူ ၄ဦးမှာ NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း မှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီ၊ လှိုင်သာယာမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတဲ့ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ တို့ကို သေဒဏ်စီရင်လိုက်ခြင်း ဖြစ်တယ်လို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့ပါတယ်။



သေဒဏ်စီရင်လိုက်တဲ့ အကြမ်းဖက်သမား (၄)ဦးထဲက NLD အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော်(ခ) မောင်ကျော် ဘယ်လို ပြစ်မှုတွေ ကျူးလွန်ခဲ့သလဲ -

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်းဖက် လုပ်ငန်းဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိမှုအနေဖြင့်

- ဧပြီလမှ ဇွန်လအတွင်း ဒဂုံမြို့သစ်မြို့နယ်များတွင် ဗုံးဖောက်ခွဲမှု ၁၀ ကြိမ် ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ နေလင်း ပါ ၆ ဦး အား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- ဇွန်လ ၈ ရက်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ သတိပဌာန်လမ်း၊ တိုက်(၃၂)၊ တတိယထပ်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ရွှေရည်ညွန့် ပါ ၈ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- ဇွန်လ ၁၀ ရက်တွင် KNLA တပ်မဟာ(၆)၌ အကြမ်းဖက်သင်တန်း တက်ရောက် ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော SRU အကြမ်းဖက်အဖွဲ့မှ တရားခံ ဇော်ထိုက် (ခ) ဇော်သူရ ပါ ၁၃ ဦးအားလည်းကောင်း။

- ဇွန်လ ၂၉ ရက်တွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်းရှိ မြန်မာ့ စီးပွားရေးဘဏ်ရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးအား ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ခန့်စည်သူ ပါ ၅ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- ဇူလိုင်လ ၇ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ အောင်မျိုးမင်း အား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- ဇူလိုင် ၈ ရက်တွင် လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော်ရွှေဆိုင်အား ဖောက်ခွဲ၍ လက်ဝတ်ရတနာများ လုယူခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ကျော်ဇောဟိန်း ပါ ၃၅ ဦးအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် လည်းကောင်း။

- ဩဂုတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့ပတ်ရထားပေါ်၌ လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ကောင်းပြည့်စုံဦး ပါ ၅ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- ဩဂုတ်လ ၁၇ ရက်တွင် ကမာရွတ်မြို့နယ်၊ ဈေးလမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦး အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ညီညီထွန်း ပါ ၃၁ ဦးအား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာ မီးပွိုင့်နှင့် ခုံးကျော်တံတားအောက်၌ လက်လုပ်မိုင်း ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟိန်းကျော်လွင် ပါ ၁၆ ဦးအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားများဖြင့်လည်းကောင်း။

- စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ အောင်ချမ်းငြိမ်း ပါ၁၁ ဦးအား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- စက်တင်ဘာလ ၁၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ တံတားပေါ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဇင်မင်းထွန်း ပါ ၁၂ ဦးအား လက်နက်/ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လည်းကောင်း။

- စက်တင်ဘာလ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉) ရပ်ကွက်၊ ရစဖရုံး အဖွဲ့ဝင် ဦးနိုင်လင်း အား လုပ်ကြံသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟိန်းထက်အောင် (ခ)ဈန်ရဲ ပါ ၉ ဦးအား လည်းကောင်း။

- စက်တင်ဘာလ ၁၈ ရက်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ လှည်းတန်း(၆) လမ်းထိပ်ရှိ King လက်ဘက်ရည်ဆိုင်အနီး၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ် ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဝင်းကိုဦး(ခ) သူရလွင်(ခ) ဝေကြီး ပါ ၇ ဦးအား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ သီရိမြိုင်ဘူတာအနီး၌ အပြစ်မဲ့ ပြည်သူတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော လှည်းကူး အကြမ်းဖက် PDF အဖွဲ့မှ တရားခံ ဇွဲဝေယံထွဋ်(ခ) အက်ဒီဆင် ပါ ၁၈ ဦးအား လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၂ ရက်တွင် ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ (၄၈)လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲအား STF အကြမ်းဖက်အဖွဲ့မှ ဓားပြ တိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟန်ဝင်းထွဋ် ပါ ၁၃ ဦးအား လက်နက်/ခဲယမ်းများ၊ ဓါးပြတိုက်ယူဆောင်သွားခဲ့သော ငွေများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၃ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ စောဘယ်လ်ဇင်ထူး ပါ ၁၄ ဦး အား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၃ ရက်တွင် အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက် ဖောက်ခွဲရေးပြုလုပ်ခဲ့သည့် တရားခံ အောင်ကောင်းစံ ပါ ၁၁ ဦးအား လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၆ ရက်တွင် ပုဇွန်တောင်မြို့နယ်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား သတ်ဖြတ်ခဲ့မှုနှင့် စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများဆောင်ရွက်ခဲ့သူ 44 st UG အကြမ်းဖက်အဖွဲ့မှ တရားခံ မင်းဟိန်းခန့် ပါ ၂၃ ဦးအား လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။

- နိုဝင်ဘာလ ၄ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ Mytel GM ဦးသိန်းအောင် အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော SRU အဖွဲ့မှ တရားခံ စစ်ဇော်ကံ (ခ) ဟန်သာထွန်း ပါ ၄ ဦးအား လည်းကောင်း။

- နိုဝင်ဘာလ ၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ သန်းနိုင်(ခ)ဘဲဥ ပါ ၇ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- နိုဝင်ဘာလ ၉ ရက်တွင် လှိုင်မြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်း များဆောင်ရွက်ခဲ့သော Octopus (ရေဘဝဲ)အကြမ်းဖက်အဖွဲ့မှ တရားခံ လျှမ်းဆက် (ခ)Steven ပါ ၄ ဦးအား လက်လုပ်မိုင်းများဖြင့် လည်းကောင်း။

- နိုဝင်ဘာလ ၁၄ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်၊ ရစဖ ရုံးအနီး၌ ဖောက်ခွဲမှုပြုလုပ်ခဲ့သော တရားခံ မြတ်သူ(ခ)နတ်ဆိုး ပါ ၁၁ ဦးအား လည်းကောင်း။

- နိုဝင်ဘာလ ၁၅ ရက်တွင် သာကေတမြို့နယ်ဘက်ခြမ်းရှိ သန်လျင်တံတား လုံခြုံရေးအဖွဲ့ဝင်များနှင့် ထန်းတပင်မြို့နယ်၊ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် တရားခံ အောင်ကိုဦး နှင့် ရန်နိုင်ထွန်း ပါ ၁၃ ဦးအား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတရားခံအချို့၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အကြောင်း အမျိုးမျိုးကြောင့် KNU နယ်မြေ အတွင်း အကြမ်းဖက်သင်တန်းများအား တက်ရောက် ခဲ့ကြသော်လည်း သင်တန်းတွင် နေထိုင်စားသောက်မှု ပင်ပန်းဆင်းရဲခြင်း ၊ KNU တပ်ဖွဲ့ဝင်များ၏ လူမျိုးရေးခွဲခြားခြင်း၊ ပြည်သူလူထုမှ အကြမ်းဖက်မှုအား မလိုလား ခြင်းတို့ကြောင့် လူငယ်အများစုမှာ အကြမ်းဖက်မှုလုပ်ငန်းများအား ဆောင်ရွက်လိုခြင်း မရှိကြသော်လည်း သင်တန်းတက်ရောက်စဉ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ဖြည့်သွင်းခဲ့ရသဖြင့် မိသားစုဝင်များအပေါ် ခြိမ်းခြောက်အကြပ်ကိုင်၍ အကြမ်းဖက်မှု များစေခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရပါတယ်။

NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော NLD ပါတီဝင် တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် အပါအဝင် တရားခံ ကျား ၂၄၇ ဦး၊ မ ၄၆ ဦး၊ ပေါင်း ၂၉၃ ဦး တို့အား လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၃၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်အိမ်မျိုးစုံ ၃၁၂ ခု၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၈ လုံး၊ လက်လုပ်မိုင်း မျိုးစုံ ၁၀၉၉ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ မီးခိုးဗုံး ၆၁ လုံး၊ ယမ်းစိမ်း ၅ ပိဿာ၊ ယမ်းပြင်း ၂၈ တောင့်၊ ယမ်းပျော့ ၁၁ တောင့်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၉၆ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ကီးပတ်ဖုန်း ၂၀ လုံး၊ လမ်းလျောက်စကားပြောစက် ၁၆ လုံး၊ ဆက်သွယ်ရေးအထိုင် စက် ၅ လုံး၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ်တုဖုန်း ၁၆ လုံး၊ Laptop ၂ လုံး၊ Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မည့်စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများပြုစု ထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ အခြားဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

ဒါကတော့ NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်(ခ) မောင်ကျော် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။



နောက်တစ်ယောက်ကတော့ ကျော်မင်းယုခ (ခ) ဂျင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ဘာတွေလဲ -


တရားခံ ကျော်မင်းယု(ခ)ဂျင်မီနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံ သတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ ၂ ထပ်တိုက်နေအိမ်မှ သိမ်းဆည်းရမိခဲ့ပါတယ်။


ကျော်မင်းယု(ခ)ဂျင်မီသည် တရားခံပြေး မင်းကိုနိုင်နှင့်အတူ နိုင်ငံတွင်း ဆူပူအုံကြွမှုဖြစ်ပေါ်စေရေး၊ အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရေး လှုံ့ဆော်မှုများပြုလုပ်ခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြိုနယ်တရားရုံးမှ ရာကြီးအမှတ်(၂၆)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် တရားခံပြေးတစ်ဦးဖြစ်ပါတယ်။

 

တရားခံ ကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အဆိုပါပင်လုံအိမ်ရာနေအိမ်တွင်နေထိုင်၍ ဆူပူ ဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး အတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများအားဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ အတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင်(နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို(နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး(ခ) ဇော်ဝင်းမောင်(၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်အတူ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်။


ကျော်မင်းယု(ခ)ဂျင်မီ ခေါင်းဆောင်သော Moon Light Operation အဖွဲ့၊ ဖြိုးဇေယျာသော် ခေါင်းဆောင်သော Yangon Urban Guerilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန်ခေါင်းဆောင်သော ရန်ကုန်တိုင်း PDF အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာအဆင့် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ်အား ၂၀၂၁ ခုနှစ်၊ မေလတွင်စတင်ခဲ့ကြကြောင်း၊ ၎င်းနောက် အပြစ်မဲ့ပြည်သူများ ကို ထိတ်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များကို သတ်ဖြတ်ခြင်း၊ NLD ပါတီအား ထောက်ခံမှုမရှိခဲ့သူများကို သတင်းပေး/ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိကဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့အား တရားခံပြေး လွင်ကိုလတ်မှ AK-47 နှင့် M-16 အလက် ၃၀၊ ကျည် ၆၀၀ တောင့်၊ ကျည်ကတ်၉၀ ခုနှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ခုအား ပေးအပ်ခဲ့ကြောင်း၊ ၎င်းလက်နက်/ခဲယမ်းများဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင် ခဲ့ကြောင်းသိရှိရပါတယ်။

 

အကြမ်းဖက် Moon Light Operation အဖွဲ့အနေဖြင့် အကြမ်းဖက် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နောက်ပိုင်းတွင် ကြီးမားသော အကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ကြောင်း၊ ထို့ကြောင့် ကျော်မင်းယု(ခ)ဂျင်မီ သည် အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား အနီးကပ်ကြပ်မတ်ညွှန်ကြားရန် မဲဆောက်မှ ရန်ကုန်သို့ စက်တင်ဘာလ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ပင်လုံအိမ်ရာဝန်းအတွင်းနေထိုင်၍ အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး ၈ ခုအား ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ Mission-1 အား တွံတေးမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု၊ Mission-2 အား အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-3 အား လှည်းကူးမြို့နယ်အတွင်း အောက်တိုဘာလ အတွင်း လုပ်ဆောင် ပြီးစီးခဲ့ကြောင်း သိရှိရပါတယ်။

ကျန် Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရှိရပါတယ်။

 

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြီးများ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Dorne ၊ ဂြိုလ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီတို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရပါတယ်။


သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအား အနီးကပ်စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ) ဂျင်မီအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က အပြင် ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်နှင့် ပတ်သက်သောအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။


NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်(ခ) မောင်ကျော် နဲ့ ၈၈ ပွင့်လင်းမှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီတို့ကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီးအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်တွင်  “ သေဒဏ် ” အမိန့်ချမှတ်ခဲ့ပြီး ယနေ့ ၃-၆-၂၀၂၂ ရက်နေ့မှာ သေဒဏ်စီရင်ခြင်းခံရသူ ၄ဦးထဲမှာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။



https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)