NLD လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်နှင့် ၈၈ပွင့်လင်းမှ ဂျင်မီ တို့၏ ဦးဆောင်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်နှင့် ၈၈ပွင့်လင်းမှ ဂျင်မီ တို့၏ ဦးဆောင်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား



MNP ၊ ဇွန် ၁၆

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ကြိုးမိန့် စီရင်ချက် ချမှတ်ထားသော အကြမ်းဖက်ခေါင်းဆောင် NLD လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်(ခ) မောင်ကျော်နှင့် ၈၈ ပွင့်လင်းမှ ကျော်မင်းယု(ခ) ဂျင်မီ တို့နှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများမှ သက်ညှာပေးဖို့ စာများရေးသားပေးပို့ တောင်းဆိုမှုများ ရှိနေသည့်အပေါ် နိုင်ငံတော်အစိုးရရဲ့ သဘောထားကို မေးမြန်းရာ သူတို့ရဲ့ အားပေးအားမြှောက်လုပ်မှုကြောင့် အနည်းဆုံး အပြစ်မဲ့ ပြည်သူလူထု ၅၀ကျော် သေဆုံးခဲ့ရကြောင်း ရှင်းလင်းဖြေကြားသွားသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဘယ်ပြစ်မှုတွေ ကျူးလွန်တဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာကို စုံစုံလင်လင် ပြောခဲ့ပြီးဖြစ်တယ်။ အကြောင်းရှိလို့ အကျိုးဖြစ်တာ ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာတော့ တရားစီရင်ရေးစနစ် က နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ နိုင်ငံတိုင်းကလည်း ဆောင်ရွက်ရတဲ့ အခြေအနေမျိုး ရှိတယ်။ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ ဒီလိုမျိုးပြစ်ဒဏ်ပေးတာ မရှိတဲ့ နိုင်ငံတွေ ရှိသလို ဒီလိုမျိုး ပြစ်ဒဏ်ပေးတဲ့ နိုင်ငံပေါင်းလည်း (၇၀)(၈၀) ရှိသေးတယ်။ သို့သော် ဒီလိုပြစ်ဒဏ် မျိုးကို ဆိုင်းငံ့တာလည်း ရှိတယ်။ ဒီလိုပြစ်ဒဏ်ပေးတဲ့ နိုင်ငံပေါင်း ရာနဲ့ချီပြီး ကျန်ပါသေးတယ်။ တရားဥပဒေစိုးမိုးရေးအရ လိုအပ်ရင် လိုအပ်သလို လုပ်ရတာ ဖြစ်ပါတယ်။ သတို့ကို ဆိုတာထက် ပုဂ္ဂိုလ်တွေဆိုတာထက် တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ နောင်မှာ အလားတူဖြစ်စဉ်မျိုးတွေ မလုပ်နိုင်အောင်၊ မလုပ်ရအောင်။ သူတို့ ဘာပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ တရားဝင် ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ သူတို့ လက်ချက်ကြောင့်မို့လို့ အနည်းဆုံး လူ ပေါ့နော်။ အပြစ်မဲ့ ပြည်သူလူထု အနည်းဆုံး (အပြစ်မဲ့ပြည်သူထုပဲပြောတာ) ကျွန်တော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မပြောသေးဘူး။ အပြစ်မဲ့ ပြည်သူလူထု သူတို့ရဲ့ အားပေးအားမြှောက်မှုကြောင့် အနည်းဆုံး ၅၀ ကျော် သေခဲ့ရပါတယ်။" ဟု ရှင်းလင်း ဖြေကြားသွားသည်။


အကြမ်းဖက်ခေါင်းဆောင် ၂ဦးကို သေဒဏ်စီရင်မည့်အပေါ် အချို့သော သံရုံးများက ကန့်ကွက်စာများ ရေးသားထုတ်ပြန်နေသည့် အပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက "ဒီလို အကြမ်းဖက်သမား (အကြမ်းဖက်ခေါင်းဆောင်တွေ) ကို သေဒဏ်စီရင်တော့မယ်ဆိုမှ အသံထွက်လာတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သံရုံးတွေကိုတော့ အံ့သြမိတယ်ဗျ။ ဒါဆိုရင် ဒီကောင်တွေက အပြစ်မဲ့ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေမှာ အဲဒီနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ သံရုံးတွေက အလိုတူ အလိုပါ အားပေးအားမြှောက် လုပ်ခဲ့သလားဆိုတာ စဉ်းစားဖို့ လိုလာပြီ။ သူတို့ ဆီက ဖမ်းဆီးရမိတဲ့ လက်နက်အရေအတွက်၊ သူတို့ စီစဉ်ထားတဲ့ မစ်ရှင်တွေကို လေ့လာကြည့်ရင် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ ကိုယ်ကျိုးရှာလိုတဲ့ နိုင်ငံရေးသမားတွေကို အသုံးချပြီး ပြည်ဖျက်စီမံကိန်းကို ဝိုင်းဝန်းပံ့ပိုးခဲ့ကြတယ်လို့ ကျွန်တော်ကတော့ အတိအကျ ပြောလိုတယ်။ အထူးသဖြင့် အမေရိကန်၊ အင်္ဂလန်တို့ နိုင်ငံတွေဟာ မြန်မာပြည်အပေါ်မှာ သူတို့ရဲ့ လက်ကိုင်တုတ် အစိုးရမရှိတော့တဲ့အတွက် ယုတ်မာကောက်ကျစ်လာခြင်း ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ နစက အစိုးရအနေနဲ့က ဥပဒေစိုးမိုးရေးအတွက် လုပ်သင့်တဲ့ အလုပ်ကို လုပ်ရပါလိမ့်မယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် မင်းမဲ့ တိုင်းပြည်လို ဖြစ်လာပါလိမ့်မယ်။" ဟု သုံးသပ်ပြောဆိုသည်။


အကြမ်းဖက်ခေါင်းဆောင် NLD လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်နှင့် ၈၈ပွင့်လင်းမှ ဂျင်မီတို့ကို ယနေ့ နံနက် ၄ ၀၀ နာရီက သေဒဏ်စီရင်လိုက်ပြီဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး အကြမ်းဖက်အုပ်စုဘက်မှ ရန်ကုန်မြို့ပေါ်တွင် သေဒဏ်ပေးက မုချ တုန့်ပြန်မည်ဟူသော စာတန်းများ လိုက်လံ ချိတ်စွဲနေသည်ကို လူမှုကွန်ရက်စာမျက်တွင် တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)