NUG အကြမ်းဖက်အဖွဲ့မှ ဦးဆောင်သူ ဦးရည်မွန်၏ သမီး အမေရိကန်တွင် ကျောင်းတက်နေသော သတင်းပေါက်ကြားသဖြင့် စိတ်ဝမ်းကွဲမှုများဖြစ်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့မှ ဦးဆောင်သူ ဦးရည်မွန်၏ သမီး အမေရိကန်တွင် ကျောင်းတက်နေသော သတင်းပေါက်ကြားသဖြင့် စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်




MNP ၊ ဇွန် ၁၉ 

NUG အကြမ်းဖက်အဖွဲ့မှ ပြည်ပြေး အကြမ်းဖက်ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးရည်မွန် ၏ သမီးဖြစ်သူ အမေရိကန်တွင် ကျောင်းတက်နေသည့် သတင်းပေါက်ကြားသဖြင့် ဦးရည်မွန်နှင့် ဒူးဝါးလရှိလတို့ အချင်းများ စိတ်ဝမ်းကွဲလျက်ရှိကြောင်း ၎င်းတို့ကို ထောက်ခံသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် Live လွှင့် ပြောဆိုထားသည်။

ဦးရည်မွန် က သူ၏ သမီး ကျောင်းတက်နေသည် ဟူသောသတင်းကို အများပြည်သူမသိအောင် ဖုံးကွယ်ထားသည့် အခြေအနေမှ အများပြည်သူ သိရှိသွားသဖြင့် အချင်းများခဲ့ကြခြင်း ဖြစ်သည်။

CRPH, NUG ပြည်ပြေး အကြမ်းဖက်ခေါင်းဆောင်များသည် တိုင်းပြည်တွင်းရှိ လူငယ်များကို ကျောင်းမတက်နဲ့ ကျောင်းထွက်ဟု လှုံ့ဆော်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် စာမေးပွဲအောင်စာရင်းထွက်သည့်အခါတွင်လည်း တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ပုတ်ခတ်စော်ကား ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက "CRPH, NUG ဆိုတဲ့ အကြမ်းဖက်လှုံ့ဆော်တဲ့ ကောင်တွေကို အပြစ်တင်ချင်လည်း တင်ပေါ့ဗျာ။ သူတို့ကတော့ အများပြည်သူကို ဝါဒမှိုင်းတိုက်ရမှာ သူတို့အလုပ်။ ပြောကြကြေးဆိုရင် သူတို့ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်က ဒါပဲလေ။ ဒီလိုလုပ်မှ သူတို့အတွက် အထောက်အပံ့ရမယ်။ ခိုလှုံခွင့်ရမယ်။ သူတို့ ပြောသမျှ ကို ယုံကြည်တဲ့ မြန်မာနိုင်ငံထဲက ကျောင်းသားမိဘတွေက နီပိန်း မဟုတ်ဘူး။ ဗိုလ်ချုပ်ဇော်မင်းထွန်း စကားနဲ့ ပြောရင် နီပိတ် လို့ ပြောရမှာ။ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှု ဘာမှ မရှိဘဲ သူတို့ပြောသမျှ ယုံတာကိုး။ ယုံတဲ့သူရှိတော့ ဝါဒမှိုင်းတိုက်တဲ့ကောင်တွေကလည်း တိုက်တာပေါ့ဗျာ။ အခု CRPH, NUG က ကောင်တွေရော၊ ကောင်မတွေရော တော်တော်များများ ပြည်ပ ရောက်သွားကြပါပြီ။ လိုက်ပြီး စစ်တမ်းကောက်ကြည့်လိုက်။ သူတို့ သားသမီးကို ကျောင်းမထားဘဲ နေတဲ့ ပြည်ပြေးတွေ ရှိသလားလို့။ သူများသားသမီးတွေကို လူညွန့်တုံးအောင်၊ လူ့အန္ဓဖြစ်အောင် လုပ်မယ်။ သူတို့ သားသမီးကိုတော့ ပညာမဲ့ လူညွန့်တုံး၊ လူ့အန္ဓ အဖြစ်မခံဘူး။ နိုင်ငံရေးသမားက အချည်ကောင်တွေမှ မဟုတ်တာ။ လူလည်တွေပဲ ဟာကို။ ရည်မွန်မှ မဟုတ်ဘူး။ ထိပ်ပြောင် ဇော်ဝေစိုးရော သူ့သားသမီးတွေကို ကျောင်းထားတာပဲ။ ကျောင်းမတက်နဲ့ ကျောင်းထွက် ဆိုပြီး ခွေးပြေး ဝက်ပြေး ပြေးတဲ့ ကောင်တွေရဲ့ စကားကို အများပြည်သူအနေနဲ့ ယုံသင့်မှ ယုံပါ။ ကိုယ်က သူတို့စကားကို ယုံပြီး ကိုယ့်သားသမီး ပညာရေးကို အညွန့်ကျိုးအောင် လုပ်တယ်။ သူတို့က ပြည်ပမှာ အဆင့်မြင့်ပညာတွေ သင်လို့ဗျာ။" ဟု သုံးသပ် ပြောဆိုသည်။

NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများသည် မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်ဦးဆောင်သည့် နစက အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ဝန်ထမ်းများကို CDM လုပ်ရန် လှုံ့ဆော်ခြင်း၊ ကျောင်းသား/ကျောင်းသူများကို ကျောင်းမတက်အောင် လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့ကြပြီး လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချကာ စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဆရာ/ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)