စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် NUG ကျောင်း အမည်ခံ ဖွင့်လှစ်မှုများ ရှိနေပြီး နစက အနေဖြင့် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံများပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် NUG ကျောင်း အမည်ခံ ဖွင့်လှစ်မှုများ ရှိနေပြီး နစက အနေဖြင့် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံများပြော


MNP ၊ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များတွင် NUG ကျောင်းအမည်ခံကာ ကျောင်းဖွင့်လှစ်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်းလှမြို့နယ်၊ ရေရှင်ကျေးရွာ အထက်တန်းကျောင်းကို PDF အကြမ်းဖက်သမားများက စိုးမိုးထားပြီး ဆိပ်ဖူး၊ ရှမ်းကုန်း၊ ရွာကုန်းကြီး အထက၊ ပေပင်ချောင်၊ သက္ကယ်ချင်း၊ မော်တုံ၊ နောင်ကောက်၊ မော်တုံ၊ ဝေသော်ရွာများတွင် NUG ကျောင်း ခေါင်းစဉ်ဖြင့် ဖွင့်နေကြောင်းဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "ရေရှင်နဲ့ ရွာကုန်းကြီးဆိုရင် အစိုးရ အထက ကျောင်းတွေကို PDF က NUG ကျောင်းဆိုပြီး ဖွင့်နေတာ။ တော်တော်ဆိုးပါတယ်။ မူးမြစ် အနောက်ဘက်ခြမ်းက ရွာတွေ အားလုံးနီးပါး ပါပဲ" ဟု ပြောသည်။

အလားတူ ကန့်ဘလူမြို့နယ် အတွင်းရှိ သီရိမွန်၊ ဘော၊ ကိုးတောင်ပို့၊ ရွှေပြည်လင်း၊ လျှော်ဖြူကုန်း၊ ဇော်ချောင်း၊ အလယ်ခုံ၊ ချောင်းမကြီးရွာများတွင် NUG ကျောင်း ဖွင့်လှစ်ထားကြောင်းဒေသခံတစ်ဦးက "ကျွန်းလှတို့ တန့်ဆည်တို့လောက်တော့ မဆိုးဘူး။ PDF တွေကို မရှင်းရသေးတဲ့ ရွာတွေမှာတော့ NUG ကျောင်းဆိုပြီး လုပ်နေတာတွေ ရှိတာပေါ့။"ဟု ပြောသည်။

တန့်ဆည်မြို့နယ် မြောက်ခြမ်း တွင် PDF အကြမ်းဖက်သမားများ သောင်းကျန်းနေပြီး ဆည်းဆာ၊ စိမ်းလန်း၊ ရွာရှည်(မြောက်)၊ သစ်စေးကုန်း၊ သစ်တော်ပေါက် (တောင်) (မြောက်)၊ တောဂျင်ရွာများတွင် NUG ကျောင်း ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "တန့်ဆည်မြို့နယ်ထဲမှာ ဆိုရင် ဆည်းဆာရွာမှာ PDF အင်အားအများဆုံး၊ လက်နက်လည်း အပေါဆုံးရွာ ဖြစ်နေတယ်။ အဲဒီတစ်ရွာကို ပိုင်ပိုင်နိုင်နိုင်လေး လုပ်ပေးမယ်ဆိုရင် တန့်ဆည်မြို့နယ်က ၇၅ ရာခိုင်နှုန်းလောက် ငြိမ်သွားမယ်။ PDF ခေါင်းဆောင်က အဲဒီရွာမှာပဲ ရှိနေတယ်။" ဟု ပြောသည်။

"တန့်ဆည်မြို့နယ်ထဲမှာ ၆၃အုပ်စုရှိတာက ၃အုပ်စုလောက်ပဲ အစိုးရကျောင်း ဖွင့်ပေးနိုင်တယ်ပေါ့ဗျာ။ အရှင်းဆုံး ပြောရရင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်တဲ့ရွာပဲ အစိုးရကျောင်းဖွင့်နိုင်တယ်။ ကျန်တဲ့ရွာတွေမှာ NUG ကျောင်းဆိုပြီး လုပ်နေကြတာတွေ ရှိတယ်။ တပ်မတော်အနေနဲ့ စစ်ကြောင်းထိုးတာမျိုးတော့ ရှိတယ်။ ဒီကောင်တွေက တပ်မတော်စစ်ကြောင်းလာရင် ရှောင်ပြေးတယ်။ စစ်ကြောင်း မရှိတော့တဲ့အခါ ပြန်ရောက်လာကြတာပဲ။ အထိုင်ချပြီး ရှင်းနိုင်မှ ရမယ့်သဘောဖြစ်ပါတယ်။ တပ်မတော်က ရှေ့က စစ်ကြောင်းနဲ့ ရှင်းပေးသွားတဲ့ ရွာတွေကို တပ်မတော်၊ ရဲ၊ ပြည်သူ့စစ်ပေါင်းပြီး အထိုင်ချလိုက်ရင်တော့ အဆင်ပြေသွားမယ်လို့ ယူဆတာပဲ။" ဟု ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် CRPH, NUG, PDF အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော်လည်း NUG ခေါင်းစဉ်အောက်မှ ကျောင်းများဖွင့်လှစ်နေမှုအပေါ် "အကြမ်းဖက်သမားတွေ ဖွင့်တဲ့ကျောင်းက အကြမ်းဖက်သမားမျိုးဆက်သစ်လေးတွေ ဖြစ်ကုန်မှာပေါ့။ ဒါကို တိတိကျကျ ရှင်းပြီး တရားဝင်စာသင်ကျောင်းတွေ ဖွင့်နိုင်အောင် ဆောင်ရွက်စေချင်ပါတယ်။" ဟု ဒေသခံများက ပြောသည်။


https://t.me/MyanmarUnionNews


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)