PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက်အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက်အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်


MNP ၊ ဇွန်  ၁၆

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက်အကြမ်းဖက်သတ်ဖြတ်မှုအန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ခန်းမ၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက်အကြမ်းဖက်သတ်ဖြတ်မှုအန္တရာယ်မှ တိမ်းရှောင်လာကြသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ ခရိုင်အတွင်း၌ လာရောက်တိမ်းရှောင်လာသူ အိမ်ထောင်စု ၁၀၅ စုအတွက် ဆန်၊ ဆီနှင့် ကုလားပဲများကို ထောက်ပံ့ပေးအပ်ရာ လာရောက်တိမ်းရှောင်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လာရောက် တိမ်းရှောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လာရောက်တိမ်းရှောင်သူ ၁၀၄၅ ဦး၊ အိမ်ထောင်စု ၂၈၃ စုအား လက်ခံထားရှိပြီး အိမ်ထောင်စု ၁၀၅ စုမှာ နေရပ်သို့ပြန်လည်ထွက်ခွာခဲ့ရာ လာရောက်တိမ်းရှောင်သူ ၅၉၇ ဦး၊ အိမ်ထောင်စု ၁၇၈ စုကျန်ရှိကြောင်းနှင့် ကျန်ရှိသည့်အိမ်ထောင်စု ၁၀၅ စုအတွက် တိုင်းစစ်ဌာနချုပ်မှ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် အိမ်ထောင်စု ၇၃ စုကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)