ပြည်သူ့စစ် နှင့် PDF - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ် နှင့် PDF



ပြည်သူ့စစ် နှင့် PDF

 

မဲသူခိုးတွေ အာဏာလက်မဲ့ဖြစ်သွားတဲ့အချိန်မှာ ပြည်သူတွေကို နည်းမျိုးစုံနဲ့ လှုံ့ဆော်ခဲ့ကြတယ်။ သူတို့ကို ထောက်ခံအားပေးတဲ့ လူတွေကို မြှောက်ပေးပြီး ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ကြမယ် လို့ လှုံ့ဆော်တယ်။ အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ NLD နီပိန်းတွေဟာ ရပ်ကွက်ရုံးတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်လာကြသလို လမ်းတွေပိတ်ပြီး ပြည်သူကို ကာကွယ်ပေးတော့မှာလိုလိုနဲ့ တပ်မတော်ဦးဆောင်တဲ့ နစက ရဲ့ အုပ်ချုပ်ရေး ပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။


သူတို့တွေက နာမည်ကောင်းကိုတော့ ရှာကြံပြီး ယူတတ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF ဆိုပဲ။ အဲဒီ PDF ကလေးတွေကို CRPH, NUG အကြမ်းဖက်အဖွဲ့များက ပြည်ဖျက် သာသနာဖျက် ပြည်ပြေးတွေက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ စေလွှတ်ပြီး အကြမ်းဖက်သင်တန်း တက်ခိုင်းတယ်။ တိုင်းပြည်ဘဏ္ဍာထဲက ခိုးထားတဲ့ ငွေတွေ၊ ပြည်ပ နိုင်ငံများ၊ အဖွဲ့အစည်းများမှ တရားမဝင် ရရှိထားတဲ့ အထောက်အပံ့ငွေေကြေးတွေနဲ့ လက်နက်တွေ တပ်ဆင်ပေးလိုက်တယ်။ အဲဒီ အချိန်က စပြီး PDF ဟာ ပြည်သူ့ကာကွယ်ရေး မဟုတ်တော့ဘဲ ပြည်သူကိုလုပ်ကြံသတ်ဖြတ်မှုတွေ စတင်လုပ်ဆောင်လာပါတော့တယ်။

သူတို့ရဲ့ အပြောကတော့ တပ်မတော်ရဲ့ အုပ်ချုပ်ရေးယန္တရားတည်ဆောက်လို့ မရအောင်တဲ့။ တပ်မတော်ကို တော်လှန်မယ်ဆိုတဲ့ နွားများက မြို့တိုင်းမှ တပ်မတော် စခန်းတွေ ရှိနေတာကို မြင်ပါတွေ့ပါလျက်နဲ့ သွားမတိုက်ရဲကြဘူး။ တပ်မတော် စစ်ကြောင်းထိုးပြီဆိုရင်လည်း ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးကြတော့တာပါပဲ။ ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံထားရာကနေ ပြည်သူကို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဒုက္ခမျိုးစုံပေးလာတဲ့ PDF အကြမ်းဖက်အဖွဲ့ဟာ သံဃာတော် အပါး ၅၀ ထက်မနည်း လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး ဆရာ/ ဆရာမများ အပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၃၀၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်၊ မိုင်းခွဲတိုက်ခိုက်၊ ဗုံးခွဲတိုက်ခိုက် နည်းမျိုးစုံနဲ့ သတ်ဖြတ်ခဲ့ကြပါတယ်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ ဆိုးရွာသောင်းကျန်းနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ မြို့နယ်တွေကို ကိုယ်တိုင်ရောက်ရှိခဲ့တဲ့အချိန်မှာ တွေ့လိုက်ရတာကတော့ တစ်နှစ်ကျော်ကြာ PDF အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ဒဏ်ကို လူးလိမ့်ခံခဲ့ကြတဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေဟာ ပြည်သူ့စစ်အဖွဲ့ထဲမှာ ပါဝင်ပြီး တပ်မတော်နဲ့အတူ မိစ္ဆာဝါဒီ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ အန္တရာယ်ကို ပူးပေါင်းကာကွယ်နေကြတာကို အားတက်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။

တပ်မတော်သားတွေအနေနဲ့ နယ်လှည့် တာဝန်ထမ်းဆောင်ရတာ ဖြစ်တဲ့အတွက် တပ်မတော်နဲ့အတူ တသားတည်း ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်များက တပ်မတော် စစ်ကြောင်းထိုးပြီး ရှင်းလင်းပေးသွားတဲ့ ကျေးရွာတွေမှာ PDF အစွန်းရောက် အကြမ်းဖက်သများ ပြန်မကပ်နိုင်အောင် ကိုယ့်ရွာကိုယ် စောင့်ရှောက်ကာကွယ်နေကြပါတယ်။ 

ဒီမြင်ကွင်းကို တွေ့လိုက်ရတဲ့အခါ ပြည်သူ့ကာကွယ်ရေးလို့ အမည်လှလှတပ်ခဲ့တဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး လက်ပါးစေ တွေရဲ့ လှုံ့ဆော်ဝါဒဖြန့်မှုနောက် လိုက်ပါနေတဲ့ PDF ဟာ ပြည်သူ့ကာကွယ်ရေး မဟုတ်တော့ဘဲ ပြည်သူကို နည်းမျိုးစုံနဲ့ နှိပ်စက်ကလူပြု စော်ကားလာတဲ့အတွက် PDF အကြမ်းဖက်သမားများရဲ့ ဘေးအန္တရာယ်ကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ကာကွယ်နေကြရပါတယ်။ မြေပြင်အခြေအနေမှာ PDF ဟာ ပြည်သူအပေါ် အကြမ်းဖက်နေတဲ့အတွက် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များဟာ တပ်မတော်နဲ့အတူ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက် နေကြရခြင်းဖြစ်ပါတယ်။

ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်ထဲက ရွာတွေမှာ ပြည်သူ့စစ်ဖွဲ့စည်းပြီး ကာကွယ်နေကြတဲ့အတွက် PDF အစွန်းရောက် အကြမ်းဖက်သမားတွေ ရွာကို ပြန်မကပ်နိုင်တာ ၄လကျော် ကြာပြီလို့ သိရပါတယ်။ 

အမှန်တကယ်တန်းတော့ CRPH, NUG အကြမ်းဖက်အဖွဲ့များဟာ နိုင်ငံတော်ဘဏ္ဍာထဲက ခိုးထားတဲ့ငွေတွေ၊ ပြည်ပ နိုင်ငံများနှင့် အဖွဲ့အစည်းများထံမှ ရရှိတဲ့ ငွေကြေးတွေကို PDF အကြမ်းဖက်အဖွဲ့များထံ လောက်လောက်ငင ဖြန့်ဝေ ပံ့ပိုးပေးခြင်း မရှိပါဘူး။ ကြာလာတာနဲ့အမျှ PDF အကြမ်းဖက်သမားလေးတွေမှာ ငတ်မွတ်ခေါင်းပါးလာကြပြီး CRPH, NUG က ပေးထားတဲ့ လက်နက်အားကိုးနဲ့ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ငွေကြေး၊ ပစ္စည်းဥစ္စာတွေကို ခိုးယူတဲ့ အစွန်းရောက် အကြမ်းဖက် သူခိုးဓားပြများ ဖြစ်လာကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးလို နေရာမျိုးမှာ တရားမဝင် လုပ်ငန်းတွေက ငွေကြေးအမြောက်အများ ရရှိနေကြပါတယ်။ ရေနံမှော်တွေ၊ ရွှေေမျောတွေကနေ ဆက်ကြေးကောက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေကြတာကိုလည်း ကြားသိရပါတယ်။ လက်နက်ကိုင်ပြီး အများပြည်သူအပေါ် နိုင်လိုမင်းထက် ပြုမူလိုသူတွေဟာ လက်နက်ဖိုးပေးပြီးတော့တောင် PDF အကြမ်းဖက်သမားအဖြစ် လုပ်ဆောင်လာကြပါတယ်။

တချို့ အကြမ်းဖက်အားပေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ရောက်ရှိသွားတဲ့ မိန်းခလေးတွေမှာ သေနတ်ကိုင်ခွင့်ရဖို့ ခန္ဓာနဲ့ ရင်းနေကြရတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ PDF ထဲပါသွားခဲ့တဲ့ လူငယ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ကရင်ပြည်နယ်ဘက်ကို PDF အနေနဲ့ ပါသွားခဲ့တဲ့ အမျိုသား၊ အမျိုးသမီး လူငယ်တွေမှာ အကြမ်းဖက်သင်တန်းတက်ပြီးပေမယ့် လက်နက်ဖိုး မပေးနိုင်တဲ့အတွက် လက်နက်ကိုင်ခွင့် မရပါဘူး။ မိန်းခလေးတွေကတော့ သေနတ် ကိုင်ခွင့် ရဖို့အရေးကို ကာမဘီလူးတွေထံမှာ ခန္ဓာအပ်နှံပြီး ကိုင်ခွင့်ရတယ်လို့ သိရတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာတော့ NLD အစွန်းရောက် အကြမ်းဖက်တွေဟာ KIA ကို ဆရာတင်ပြီး ကိုယ့်ရွာကိုယ် မီးရှို့ဖျက်ဆီး၊ ကိုယ့်ရွာသူရွာသားအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ အခြေအနေမျိုး ဖြစ်လာတဲ့အတွက် မိမိတို့ရဲ့ ကျေးရွာကို မပျက်စီးစေလိုတဲ့ ရွာသားများဟာ တပ်မတော်နဲ့ လက်တွဲပြီး ပြည်သူ့စစ်အဖွဲ့ဝင်များအဖြစ် ပူးပေါင်း တာဝန်ထမ်းဆောင်လာကြခြင်း ဖြစ်ပါတယ်။

ပြည်သူ့စစ်ဖွဲ့စည်းထားနိုင်တဲ့ ရွာတွေမှာ PDF ပြန်မကပ်နိုင်တော့တဲ့အတွက် ရွာသူရွာသားများ ခေါင်းပြားအောင် အိပ်နိုင်ပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ပါတီစွဲ ပုဂ္ဂိုလ်စွဲနဲ့ ရွာသားအချင်းချင်းအပေါ်မှာ ရက်စက်ယုတ်မာတာမျိုးမရှိဘဲနဲ့ ရွာထဲ ရပ်ထဲမှာ အေးအေးဆေးဆေး နေတဲ့ အနီ၊ အစိမ်း၊ အပြာ၊ အဝါ မခွဲခြားဘဲ ကာကွယ်စောင့်ရှောက်မှုပေးနေကြပါတယ်။

ဒေသခံတွေနဲ့ တွေ့ဆုံစကား ပြောခွင့် ရတဲ့အချိန်မှာ ရွာထဲ ရပ်ထဲ အေးအေးဆေးဆေး မနေဘဲ အကြမ်းဖက်အားပေး လုပ်နေသူတွေကိုတော့ "မူးရေချိုးပေးရတာလည်း ရှိတယ်" လို့ သိရပါတယ်။ တော်တော်တန်တန် ဆုံးမလွယ်တဲ့ သူကို ဒါမျိုး မလုပ်ပါဘူး။ အစွန်းရောက် အကြမ်းဖက် ကိုယ့်ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်မယ့် အကြမ်းဖက်သမား၊ ကိုယ့်ရွာကို မီးရှို့ဖျက်ဆီးမယ် အကြမ်းဖက်သမား (အစွန်းရောက် အကြမ်းဖက်အဆင့်)ကို ရောက်ရှိသွားတဲ့သူတွေကိုတော့ "မူးရေချိုးပေး" ရတဲ့ အဆင့်မျိုးဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံတော်တာဝန်ကို စတင်လွှဲပြောင်းတာဝန်ယူစဉ်ကတည်းက သဘောထားကြီးစွာနဲ့ သည်းခံခွင့်လွှတ်မှုပေါင်းများစွာနဲ့ အပြုသဘောဆန်ဆန် ကိုယ့်ပြည်သူတွေအပေါ် စာနာခဲ့တဲ့ကျေးဇူးတရားကို PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့ထဲ ရောက်နေကြသူတွေ အခုထိ ကျေးဇူးတရား နားမလည်သေးပါဘူး။ တပ်မတော်ရဲ့ သဘောထားမှန်ကို သိရှိလာတဲ့ PDF အကြမ်းဖက်အဖွဲ့ထဲက လူငယ်တချို့ လမ်းမှန်ပေါ်ပြန်ရောက်ပြီး အလင်းဝင်လာကြတာတွေ ရှိပါတယ်။

သည်းခံခွင့်လွှတ် စာနာမှုကို နားမလည်တဲ့ PDF များဟာ KIA ကို အဖေလို ကိုးကွယ်ပြီး ဆက်ကြေးကောက်ငွေရှာ၊ KIA ကို ငွေပေးပြီး လက်နက်ယူ၊ ကိုယ့်ရွာသူ ရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်နေတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးကလွဲရင် တပ်မတော်ကို မဆိုထားနဲ့ ပြည်သူ့စစ်နဲ့တွေ့ရင်တောင် အမြှီးကုတ်ပြီး ပြေးရတဲ့ အခြေအနေမျိုးရှိပါတယ်။ ကျွန်တော်တို့ ကန့်ဘလူမြို့ကို ရောက်ရှိနေစဉ်မှာ ကျွန်းလှ ပြည်သူ့စစ်အဖွဲ့ လမ်းကြောင်းကို PDF က ခြုံခိုတိုက်ခိုက်ပါတယ်။ ကျွန်းလှမှာ ဖရဲသီးအကြီးစားတွေက ပြည်သူ့စစ်ကို အတိဒုက္ခရောက်အောင် ဖန်တီးနေတဲ့ ပြဿနာလေးတွေ ရှိပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်လိုတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမရှိဘဲ PDF အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင် ပစ်ခတ်ပြီး PDF အကြမ်းဖက် ၂လောင်းကို လက်နက်နဲ့တကွ ရရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးလို့ အမည်လှလှသုံးထားတဲ့ PDF က ပြည်သူကို အမှန်တကယ် ကာကွယ်ပေးရိုးမှန်ရင် ရပ်ရွာတွေမှာ ပြည်သူ့စစ်အဖွဲ့ဆိုတာ ဖွဲ့စည်းဖို့တောင် မလိုပါဘူး။ PDF ဟာ ပြည်သူ့ကာကွယ်ရေးမဟုတ်ဘဲနဲ့ ပြည်သူကို လုပ်ကြံသတ်ဖြတ်နေတဲ့ အကြမ်းဖက်သမားတွေ ဖြစ်နေခြင်းကြောင့် ကျေးရွာတွေမှာ ကိုယ့်ရပ်ကိုယ့်ရွာကို တပ်မတော်နဲ့အတူ ပူးပေါင်းပြီး ကာကွယ်လိုတဲ့ ပြည်သူတွေက ပြည်သူ့စစ်အဖွဲ့ထဲမှာ စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာခြင်း ဖြစ်ပါတယ်။ ပြည်သူကို အမှန်တကယ်ကာကွယ်ပေးနေတာ PDF မဟုတ်ဘဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေကသာ ပြည်သူကို အမှန်တကယ် အကာအကွယ်ပေးနေတာကို မျက်မြင်ဒိဋ္ဌ မြင်ခဲ့ တွေ့ခဲ့ရပါတယ်။

ကျွန်တော့်အနေနဲ့ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ရန်လိုအမုန်းပွားပြီး အပြန်အလှန် သတ်ဖြတ်မှုတွေ မလုပ်စေချင်ပါဘူး။ ဒါကြောင့်လည်း PDF အကြမ်းဖက်သမားလေးတွေ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေကြတာတွေကို ရပ်တန်းက ရပ်ကြဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ ပြောဆိုခဲ့ဖူးပါတယ်။ ဆင်ခြင်တုံတရား ကင်းမဲ့လောက်အောင်အထိ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေးတွေရဲ့ မှိုင်းတိုက်မှုတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ PDF အကြမ်းဖက်သမားတွေမှာတော့ ဆင်ခြင်တုံးတရား ကင်းမဲ့လွန်းတဲ့ အခြေအနေကို ရောက်ရှိသွားပါပြီ။ လက်နက်အားကိုးနဲ့ အများပြည်သူကို နှိပ်စက်ကူလူပြု စော်ကား၊ သတ်ဖြတ်၊ ရှိတဲ့ပစ္စည်းကို ရယူသိမ်းပိုက်ပြီး လူပါးဝရတဲ့ အရသာကို သိနေကြပြီမို့ ဆင်ခြင်တုံတရားရဖို့ မျှော်လင့်ချက်ကတော့ ဝေးသထက် ဝေးလာပါတယ်။ 

ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေအပေါ် အစဉ်တစိုက် ရပ်တည်ပြောဆိုခဲ့ပါတယ်။ PDF အစွန်းရောက် အကြမ်းဖက်သမားများအနေနဲ့ မိုက်တွင်းနက်နေကြအုံးမယ်ဆိုရင်တော့ မူးရေချိုးရမလား၊ ကိုယ့်တွင်းကိုယ်တူးကြရမလား စိတ်မကောင်းချင်းများစွာနဲ့။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)