တန့်ဆည်မြို့နယ်၊ ဆည်သာရွာမှ PDF ခေါင်းဆောင် သန်းထိုက်နှင့် အဖွဲ့အား အမြန်ဆုံး ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများ ဆက်သွယ်ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်၊ ဆည်သာရွာမှ PDF ခေါင်းဆောင် သန်းထိုက်နှင့် အဖွဲ့အား အမြန်ဆုံး ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများ ဆက်သွယ်ပြောဆို


MNP ၊ ဇွန် ၂၁

တန်ဆည်မြို့နယ် မြောက်ခြမ်းတွင် ဆည်သာရွာမှ PDF ခေါင်းဆောင် သန်းထိုက်ဆိုသူ အမြန်ဆုံး ထိန်းသိမ်းပေးရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တန့်ဆည်မြို့နယ်မှ တိမ်းရှောင်နေရသူတစ်ဦးက "အရင်ကလည်း တာဝန်ရှိသူတွေကို ခဏခဏတင်ဘူးတယ်။ အရေးယူဆောင်ရွက်ပေးခြင်း ယနေ့အချိန်အထိ မရှိသေးဘူးပေါ့။ အဓိက တန့်ဆည်မြို့နယ်၊ ဆည်သာရွာကို ထိန်းပေးမယ်ဆိုရင် တန့်ဆည်မြောက်ခြမ်း တည်ငြိမ်အေးချမ်းသွားမယ်။ PDF ခေါင်းဆောင်က ဆည်သာရွာက သန်းထိုက် ဆိုသူပဲ။ သူတို့က ရွာသူရွာသားတွေကို ဘယ်လောက်အထိ မှိုင်းတိုက်ထားသလဲဆိုရင် တပ်က သူတို့ဆီကို မဝင်ရဲဘူးပေါ့ဗျာ။ သူတို့က လက်နက်တကားကားနဲ့ လုပ်ပြနေတော့ ပြည်သူတွေကြားထဲမှာ အကြောက်တရားတွေနဲ့ နေကြရတာပေါ့။ တန့်ဆည်မြို့နယ်ထဲမှာ PDF လက်နက်အင်အား အတောင့်ဆုံး ရွာလို့လည်း ပြောလို့ ရတယ်။ KIA ဆီက လက်နက်တွေရနေတာလည်း ရှိမှာပေါ့ဗျာ။ တပ်က သူတို့ရွာထဲ မဝင်ရဲပါဘူးဆိုပြီး လုပ်ချင်ရာ လုပ်နေကြတာပေါ့ဗျာ" ဟု ဆက်သွယ်ပြောဆိုသည်။

တန့်ဆည်မြို့နယ်အတွင်း အချို့သော ကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်း၍ ရပ်ရွာကို ကာနိုင်သည့် အခြေအနေ ရှိသော်လည်း ပြည်သူ့စစ်မဖွဲ့စည်းနိုင်သေးသည့် ကျေးရွာများတွင် PDF အကြမ်းဖက်သမားများက လက်နက်ကိုင်ခြိမ်းခြောက်ပြီး NUG စာသင်ကျောင်းများ ဖွင့်လှစ်လျက်ရှိကြောင်း၊ ကျွန်းလှ ရေနံမှော်မှ ရေနံများ ရရှိနေပြီး ယခုအချိန်အထိ အပြင်ထုတ်မရသေးကြောင်း၊ ဆည်သာရွာသို့ သယ်၍ PDFလက်နတ်ဝယ်ယူရေး ရံပုံငွေရှာဖွေရန် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ပူးပေါင်းကာကွယ်ပေးနေသည့် ကျေးရွာများတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ပြီး အဆိုပါကျေးရွာများအတွင်း PDF ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ အေးချမ်းသည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သော်လည်း အချို့သော ကျေးရွာများမှာ PDF အကြမ်းဖက်အဖွဲ့များ ရှိနေခြင်းကြောင့် ဒေသတည်ငြိမ်အေးချမ်းမှု မရှိဘဲ ဖြစ်ပေါ်နေသည့် အခြေအနေကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး နှိမ်နင်းဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်း ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)