ပွင့်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အသေ ၁၂ဦး၊ အရှင် ၃ဦးနှင့် လက်နက်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အသေ ၁၂ဦး၊ အရှင် ၃ဦးနှင့် လက်နက်များ ဖမ်းဆီးရမိ




MNP ၊ ဇွန် ၂၂

ယနေ့ ဇွန် ၂၂ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း၊ မဲဇလီကြိုးတံတားအနီး လုံခြုံရေးပူပေါင်းအဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ PDF အကြမ်းဖက်အသေ ၁၂ဦးနှင့် အရှင် ၃ဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇နာရီခန့်က ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း၊ မဲဇလီကြိုးတံတားအနီး လုံခြုံရေးပူပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် စလင်း-ကံပြားဘက်မှ ပုသိမ်-မုံရွာကားလမ်းအတိုင်း မောင်းနှင်လာသော ၆ဘီးအနီရောင် ဖောကားအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ကားပေါ်ပါ PDF အကြမ်းဖက်သမား ၂၀ဦးခန့်က စတင်ပစ်ခတ်ခဲ့ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့သို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် PDF အကြမ်းဖက်အသေ ၁၂ဦး၊ အရှင် ၃ဦး( ၂ဦး စိုးရိမ်ရ)ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၂၅လက် (၁၉လက်ပျက်စီး)နှင့် ၄၀ မမဗုံးပစ်လောင်ချာ တစ်လက်(ပျက်စီး)အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)