မကြာမီ PDF များ နိဂုံးကို တွေ့ကြရတော့မည်ဖြစ်ကြောင်း ဦးလှဆွေ ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကြာမီ PDF များ နိဂုံးကို တွေ့ကြရတော့မည်ဖြစ်ကြောင်း ဦးလှဆွေ ပြော


MNP ၊ ဇွန် ၂၄

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က တပ်မမှူးများကိုယ်တိုင် ဦးစီးသော ဒေသအလိုက် စစ်ဆင်ရေးများ ဆောင်ရွက်လာနိုင်သဖြင့် မကြာမီ PDF များ နိဂုံးကို တွေ့ကြရတော့မည်ဖြစ်ကြောင်း ရေးသားပြောဆိုထားသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက "အခု  တပ်မတော်မှ  ငြိမ်းချမ်းရေးဖိတ်ခေါ်မှု့များတွင်  တက်ရောက်လာသူတို့နှင့် နှစ်ဖက်လက်မှတ်ထိုးပြီးက  ၎င်းသဘောတူထားသူတို့ဘက်၌ ချထားသော တပ်များကိုပြန်ရုပ်သိမ်းပြီး  ကယား၊စစ်ကိုင်း၊ မကွေး  ပဒတ်များကို  တပ်မမှုးများကိုယ်တိုင်ဦးစီးသော ဒေသအလိုက်စစ်ဆင်ရေးမျာ းဆောင်ရွက်လာနိုင်ပါသဖြင့် မကြာမှီ ပဒတ်များနိဂုံးကို တွေ့ကြရတော့မည်ဖြစ်ကြောင်း  သတင်းကောင်း" ဟု ရေးသားပြောဆိုထားခြင်းဖြစ်သည်။


NLD အစိုးရလက်ထက်က Bullet News Journal အမည်ကို သုံးစွဲခွင့်မပေးခဲ့ခြင်းကြောင့် Golden Hand အမည် ကို ပြောင်းလဲ ထုတ်ဝေခဲ့ရပြီး နောက်တစ်ပတ်မှစ၍ Bullet News Journal ကို မူလအမည်အတိုင်း ပြန်လည်ထုတ်ဝေမည်ဖြစ်ကြောင်း ဦးလှဆွေက ပြောဆိုထားသည်။


ယနေ့တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ၊ ဥတ္တမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံစဉ်က ဗိုလ်ချုပ်တည်ထောင်ထားသော တပ်မတော် နှင့် သူ့သမီး ဦးဆောင်သော PDF တိုက်နေသည့် ဖြစ်စဉ်တွင် ဗိုလ်ချုပ်တည်ထောင်သော တပ်မတော်ဘက်က ပြတ်ပြတ်သားသား ရပ်တည်ကြရန် ဦးလှဆွေက ပြောဆိုခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)