MNP - ဇွန် ၁၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့် စပါးထုတ်လုပ်ခြင်းကို လုပ်ကိုင်ဆောင်ရွက်ကြမည့် တောင်သူများသို့ စပါးမျိုး ကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် (ဆင်းသွယ်လတ်) မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရွာကြီးအုပ်စု၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ရှင်းလင်းဆောင်တွင် ကျင်းပကြသည်။
အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းက တောင်သူများသို့ စပါးမျိုးကောင်းမျိုးသန့်များ ထောက်ပံ့ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မျိုးစေ့ထုတ်စိုက်ဧက(၁၀၀)အတွက် မျိုးစပါးတင်း(၁၀၀)ကို ပေးအပ်ရာ မျိုးစပါးထုတ်လုပ်ငန်းဆောင်ရွက်ကြမည့် တောင်သူများ ကိုယ်စား ခွဆုံကျေးရွာအုပ်စုမှ တောင်သူ ဦးငမှိုင်းက လက်ခံရယူသည်။
အဆိုပါ မျိုးစပါးထောက်ပံ့ပေးအပ်ပွဲသို့ ရွာကြီးကျေးရွာအုပ်စုနှင့် ခွဆုံကျေးရွာအုပ်စုတို့မှ တောင်သူ (၄၀)ဦး တက်ရောက်ကြကာ မျိုးစပါးထောက်ပံ့ပေးအပ်ခြင်းအတွက် ခွဆုံကျေးရွာအုပ်စုမှ တောင်သူ ဦးမောင်သိန်းညွန့်မှ ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment