ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး (RS) နှင့်သဘာဝမြေဩဇာများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး (RS) နှင့်သဘာဝမြေဩဇာများထောက်ပံ့




MNP - ဇွန်   ၁၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်က လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ၌ ကျင်းပသည်။


ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးကို အဓိထားလုပ်ကိုင်ကြသည့်ပြည်နယ်တစ်ခုဖြစ်ပြီး လှိုင်းဘွဲမြို့နယ်သည် ပြည်နယ်အတွင်း အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ပျိုးလုပ်ကိုင်ကြဖို့လိုကြောင်း အစရှိသည့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆိုင်ရာနည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ အင်းနို့သိပ္ပံ၊ သမ္ဘာန်၊ ထီလုံ၊ ရွေဂွန်း၊ ကော့လှိုင်း၊ ကော့မြတ်ကြီး၊ ကမော့ကချူး၊ ကွမ်တာ၊ ဒိုင်းပြ၊ ပိန္နဲတော အစရှိသည့်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


လှိုင်းဘွဲမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးစပါး ၁၂၀၈၁၃ ဧကစိုက်ပျိုးရန်လျာထားပြီး တစ်ဧက အထွက်နှုန်းတိုးတက်ရေးနှင့် လျာထားစိုက်ဧကပြည့်မီကျော်လွန်ရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာနနှင့် နှီးနွယ်ဆက်စပ်သောဌာနဆိုင်ရာများ၊ အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက် လျက်ရှိကာ ယနေ့အခမ်းအနားတွင် ဆင်းသုခ(RS) မျိုးစပါး ၂၀၀ တင်းနှင့် ၅၀ ကီလိုဂရမ်အ လေးချိန်ရှိ သဘာဝမြေဩဇာအိတ် ၂၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် မိုးစပါးစိုက်တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာသော တောင်သူလယ်သမား ၁၂၆ ဦးက လယ်ယာလုပ်ငန်းခွင်တွင်ကြုံတွေ့ရသည့် အခြေအနေများနှင့်လိုအပ်ချက်များကို အကျိုးဆောင် တောင်သူများမှတစ်ဆင့်တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာ၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၄၆၂ ဒသမ ၃၆၆ သန်းဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးခန်းတွဲလေးထပ်ဝန်ထမ်းအိမ်ရာတည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် သတ်မှတ်စံချိန်စံနှုန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)