မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်   ၁၉


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မျိုးစပါးနှင့်သဘာဝမြေဩဇာထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိုးစပါးစိုက်တောင်သူများအနေဖြင့် မိမိတို့၏လယ်ယာမြေများ၌ မိုးစပါးစိုက်ပျိုးကြရာတွင် စနစ်တကျဖြင့် အထွက်နှုန်းတိုးတက်စေရန် ကြိုးစားစိုက်ပျိုးကြစေလိုကြောင်း၊ ဓာတ်မြေဩဇာများမှာ ဈေးနှုန်းကြီးမြင့်သဖြင့် သဘာဝမြေဩဇာများကို ပိုမိုအသုံးပြုသင့်ကြောင်း၊ စပါးအထွက်တိုးစေရန်အတွက် ခရိုင်၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများတွင်နည်းစနစ်များ၊ နည်းပညာများကို မေးမြန်း ဆွေးကြစေလိုကြောင်း၊ပြည်နယ်အစိုးရမှဒေသနှင့်ကိုက်ညီနိုင်သည့် မျိုးစပါးနှင့်သဘာဝမြေဩဇာကို တောင်သူများအား ထောက်ပံ့ကူညီပေးခြင်းဖြစ်ပြီး တောင် သူများအနေဖြင့် ထပ်မံလိုအပ်ပါက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားလျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ပူးတွဲလုပ်ကိုင်ကြစေလိုပါကြောင်း တောင်သူများအား ဆွေးနွေးရှင်းပြပေးခဲ့သည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာ တွင် လိုအပ်ချက်များနှင့်အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင် ရာဌာနများနှင့်ဆွေးနွေးတိုင်ပင်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)