တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၄၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၄၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ဆက်လက်ထိုးနှံ



MNP - ဇွန်  ၉


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲမှူးဦးစို့ညွှန့်ဦး၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ဆရာ၊ ဆရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။


တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံသူကျောင်းသား၊ ကျောင်းသူ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ (၉၂)ဦး၊ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းမှ (၁၂)ဦး၊ အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းမှ (၅၆)ဦး၊ အမှတ်(၂၉) အခြေခံပညာ မူလတန်းကျောင်းမှ (၁၇၄)ဦးတို့အား အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်း စုရပ်၌ထိုးနှံပေးခဲ့ပြီး အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ (၇၀)ဦး၊ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းမှ (၂၇)ဦး၊ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းမှ (၂၂)ဦး၊ အမှတ်(၂၈)အခြေခံပညာမူလတန်းကျောင်းမှ (၂၇)ဦးတို့အား အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ အသီးသီးထိုးနှံပေးခဲ့ပြီး စုစုပေါင်း(၄၈၀)ဦးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။


သတင်း - ခင်ဆွေနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)