နမ္မတူမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၀၅)ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၀၅)ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး

 


MNP - ဇွန်   ၁၈


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇွန်လ (၁၇)ရက်နေ့တွင် နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၀၅)ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။


ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများမှ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကျောင်းများအလိုက် ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင် ထံက သိရသည်။


အဆိုပါ ကာကွယ်ဆေးများ ထိုးနှံသည့်နေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်မိခင်နှင့် ကလေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်လွင်နှင့် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးတို့က  အနီးကပ်ကြီးကြပ်လျက်  မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


နမ္မတူမြို့နယ်တွင် ဇွန်လ (၈)ရက်နေ့မှ စတင်၍ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ထိ ကျောင်းသား၊ ကျောင်းသူ (၁၇၄၀)ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း ထံက သိရသည်။       


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)