စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ဆောင်ရွက်

 



MNP - ဇွန်   ၁၂


၂၀၂၂-ခုနှစ်၊ ဇွန်လ(၁၂) ရက်နေ့တွင် ကျရောက်သည့်  " ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ " အထိမ်းအမှတ်အဖြစ်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကိုမန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ဆင်းရဲမွဲတေမှု၊ ထိခိုက်လွယ်သည့် အခြေအနေများကြောင့် ကလေးအလုပ်သမားများ ပေါ်ပေါက်လာရမှုများနှင့်  ကလေးအလုပ်သမားပပျောက်ရေး၊ တားဆီးရေး၊ လူမှုအကာအကွယ်ပေးရေး စနစ်များသည် အဓိကအရေးပါကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာရှေ့နေ ဦးဝင်းကြည်က ကလေးအလုပ်သမားပပျောက်ရေးကို ၂၀၁၉ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပထမငါးနှစ်စီမံချက်ရေးဆွဲ ထားရှိသည့်အချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်အကြောင်းနှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)