လှိုင်းဘွဲမြို့နယ်တွင် (၃၅)နှစ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အကြို အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် (၃၅)နှစ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အကြို အသိပညာပေး Talk Show ဆောင်ရွက်

 



MNP - ဇွန်   ၁၈


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မူးယစ်ဆန့်ကျင်ရေး အသင်းတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာ လင်းသန့်က မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ လူငယ်လူရွယ်များ သိရှိပြီး ရှောင်ကြည်နိုင်ရန် အတွက် အသိပညာ‌ပေး Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မူးယစ် ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ ယနေ့အများ ဆုံးသုံးစွဲနေသည့် မျိုးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊  ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဥပဒေများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မူးယစ်ဆန့်ကျင်ရေး အသင်းရုံးအဖွဲ့မှူး ဦးလင်းခိုင်က စိတ်ကြွရူးသွပ်ဆေးပြား (ခေါ်)WY ဖြစ်ပေါ်လာမှု သမိုင်းကြောင်း၊ ဆိုးကျိုးများ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ ပြန်လည်ထူးထောင်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)