ပေါင်မြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများဆွေးနွေးပွဲ Talk Show ပြုလုပ်‌ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများဆွေးနွေးပွဲ Talk Show ပြုလုပ်‌



MNP ၊ ဇွန် ၂၁

မွန်ပြည်နယ် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများဆွေးနွေးပွဲ Talk Show ကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးအေးက ဥတုရာသီသုံးပါးနှင့် ရာသီကူးပြောင်းစများတွင် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း၊ ထုံနာကျဉ်နာဖြစ်ပွားတတ်မှုနှင့် အဖျားရောဂါဖြစ်ပွားလာပါက တိုင်းရင်းဆေးနည်းပညာဖြင့် ကုသနည်းများ၊ဆောင်ရန်/ရှောင်ရန်နည်းလမ်းများကိုလည်းကောင်း၊ ရာသီအလိုက်တွဲဖက်စားသုံးသင့်သော အစားအစာများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများထဲမှ ပန်းနာရင်ကြပ် အစရှိသော ရောဂါများ ဖြစ်ပွားလာပါက တိုင်းရင်းဆေးပညာ နှင့်  ကုသဆောင်ရွက်ရမည့်နည်းလမ်းများတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးမှ ဌာနအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အသိပညာပေးနေမှုများ အစရှိသည်တို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)