ရသေ့တောင်မြို့နယ်၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး Talk Show ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး Talk Show ဆွေးနွေး


MNP ၊ ဇွန်  ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်ခြင်း၏အကျိုးကျေးဇူး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်ခိုင်က စာဖတ်ခြင်းဟာ အသိအလိမ္မာဉာဏ်ပညာ အလင်းကိုရစေကြောင်း၊ စာပေများဖတ်ခြင်းဖြင့် အသိအမြင်ကျယ်စေကြောင်း၊ စာဖတ်အားကောင်းသူများက စာမဖတ်သူများထက် အသိပညာကြွယ်ဝပြီး ကိစ္စရပ်တိုင်းကို ခေါင်းအေး အေးထားပြီး ဖြေရှင်းနိုင်စွမ်းရှိကြောင်း၊ စာပေဖတ်ရှုမှသာ ဘဝတိုးတက်မှုလမ်းစ ကို အလွယ်တကူရှာဖွေနိုင်ကြောင်း၊ စာဖတ်ခြင်းဖြင့် လောကကြီးအကြောင်းကို စာမဖတ်သူထက်ပိုမိုသိရှိနိုင်ကြောင်း တို့အားဆွေးနွေးခဲ့သည်။ 

ထို့နောက်ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦး က လူတစ်ဦးချင်းစီ၏ဘဝကို မှန်ကန်ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ရန်အရေးကြီး ကြောင်း၊ ထိုသို့စီမံခန့်ခွဲတတ်ရန် ပညာရပ်များလိုအပ်ကြောင်း၊ လိုအပ်သောစာပေပညာကို စာဖတ်ရှုမှသာ အောင်မြင်မှုအများဆုံးရရှိနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအား အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးများကို Oline မှတဆင့်ထုတ်လွှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)