MNP - ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ညနေ(၂)နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများနှင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ၊ မဟာဗျူဟာ(၂)ရပ်နှင့် နည်းဗျူဟာ(၃)ရပ်ကိုလည်း ကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သီတာမိုးက ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်း စရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် အသိ ပညာလုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် အသိပညာပေး Talk Show အစီအစဉ်များကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့်စ်
No comments:
Post a Comment