သိန္နီမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show ) ရိုက်ကူးထုတ်လွှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show ) ရိုက်ကူးထုတ်လွှင့်

 


MNP  - ဇွန်   ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show ) ရိုက်ကူးခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက မိုရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ဒေသခံပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ရိုက်ကူးရခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။ ထို့နောက် သိန္နီမြို့၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ သားဖွားဆရာမ ဒေါ်ခိုင်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ သွေးလွန်တုပ်ကွေး၏ ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားနိုင်သည့် အသက်အရွယ်နှင့် အသက်အရွယ်အလိုက် ရောဂါ၏ပြင်းထန်မှုများ၊ ကျောင်းနေအရွယ်ကလေးများအတွက် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါက ကုသရမည့်နည်းလမ်းများ၊ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်းတုပ်ကွေးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ရပ်ကွက်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပူးပေါင်းဆွေးနွေးသည်။


အဆိုပါ ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Hseni Facebook Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စောဥမ္မာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)