ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့်‌ ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့်‌ ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်

 




MNP - ဇွန်   ၉


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်က  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ရာတွင်  ပထမဦးစားပေးအနေဖြင့် ရေရရှိရေးလုပ်ငန်းကို ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း၊ ဒုတိယအနေဖြင့် ကျေးရွာတွင်းလမ်းများ ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်စေလိုကြောင်းနှင့် ယနေ့တက်ရောက်လာသော ကျေးရွာ ကိုယ်စားလှယ်များအနေဖြင့် ‌ကျေးရွာကိုယ်စား ဦးဆောင်လုပ်ရမည့်သူများဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သေချာစွာ ရွေးချယ်နိုင်မည့်သူများဖြစ်ကြောင်း ဦးစွာပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းမှ (VDP)ကျေးရွာကော်မတီဝင်များ ရွေးချယ်မည့် အစီအစဉ်၊ ကော်မတီဖွဲ့စည်းခြင်းနှင့် အုပ်စု ၅ စုဖွဲ့စည်းထားရမည့် အစီအစဉ်များကို ပြောကြား သည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျပ်သိန်း(၁၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေ(၁၀) သိန်းဖြင့် ပေါက်ခေါင်းမြို့နယ် ဆယ်ကြီးကွက်သစ်၊ ကံရွာ၊ ဇွဲကွင်း၊ သပြေတုံး၊ ပေါက်တော၊ ကျောလေးမွှာ၊ ဗြူဂေါင်း၊ ကျောင်းရွာ၊ စမ်းမကြီး၊ ပိတောက်ကုန်းနှင့် ပိတောက်ကျော အလယ်ရွာတို့တွင်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် မြေသားရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာကလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။ အဆိုပါ‌လုပ်ငန်းများ ရွေးချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ တည်ဆောက်ရေးကော်မတီဝင်များနှင့် ကျေးရွာ ၁၂ ရွာမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)