ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင် စာမေးပွဲ(ဗဟိုအဆင့်)ထူးချွန်ဆုရရှိသော မင်္ဂလာသားငယ်၊ သမီးငယ်များအား ဂုဏ်ပြု ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင် စာမေးပွဲ(ဗဟိုအဆင့်)ထူးချွန်ဆုရရှိသော မင်္ဂလာသားငယ်၊ သမီးငယ်များအား ဂုဏ်ပြု ချီးမြှင့်





MNP ၊ ဇွန်  ၅

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော် သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓ ဝင်စာမေးပွဲ(ဗဟိုအဆင့်)ထူးချွန်ဆုရရှိသော မင်္ဂလာသားငယ်၊ သမီးငယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်၌ ပြုလုပ်ရာ မြစေတီစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြု သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်း YMBA နာယက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ မွန်ပြည်နယ် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာ တော်များထံမှ ဩဝါဒခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။ ထို့နောက် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဓဇ နှင့် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်‌တော်များ ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီး ၁၂ ပါးအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA နာယက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့ကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း က ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲ(ဗဟိုအဆင့်) ထူးချွန်စွာအောင်မြင်ခဲ့ကြသော မွန်ပြည်နယ်မှ မင်္ဂလာသားငယ်၊ သမီးငယ် ၁၂ ဦးကို တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစေတီစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)