ကျိုက်ထိုမြို့နယ်တွင် ဗုဒ္ဓကလျာဏယုဝအသင်း YMBA(ဗဟို)မှလှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် (၃၈)ဖြာမင်္ဂလာစာမေးပွဲ(ဗဟိုအဆင့်) ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ဗုဒ္ဓကလျာဏယုဝအသင်း YMBA(ဗဟို)မှလှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် (၃၈)ဖြာမင်္ဂလာစာမေးပွဲ(ဗဟိုအဆင့်) ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ








MNP ၊ ဇွန်  ၁၄

ကျိုက်ထိုမြိုနယ်တွင်ဗုဒ္ဓကလျာဏယုဝ အသင်းYMBAဗဟိုမှ လှူဒါန်းပူ‌ဇော် သောဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့်၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင်မြန်မာတစ်နိုင်ငံလုံးတစ်ပြိုင်နက်ကျင်းပပြုလုပ်ခဲ့‌သော (၃၈) ဖြာ မင်္ဂလာ စာမေးပွဲ(ဗဟိုအဆင့်) တွင်ကျိုက်ထိုမြို့နယ်၏ဂုဏ်ဆောင်အဖြစ်ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်  မွန်းလွဲ ပိုင်းတွင် ကျိုက်ထိုမြို့နယ်သာသနာ့ဗိမာန်၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအားနမောတဿ(၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးမြို့မမှိုချောင်ကျောင်း တိုက်ဆရာတော်ဥူးသောဘိတထံမှငါးပါး သီလခံယူကာ ကျိုက်ထိုမြို့စစ်တောင်းကျေးရွာ ဟေမာမြိုင် ကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တပညာဇောတ အား အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်တပ်မမှူးဗိုလ်မှူးချုပ်တင်မိုးနိုင် မှ ဗုဒ္ဓ ကလျာဏ ယုဝ အသင်း (ဗဟို)မှချီးမြှင့်သည့် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်အားဆက်ကပ် ၍မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌဦးမျိုးမင်းစိုး မှ  ဘွဲ့တံဆိပ်တော်  အလံအားဆက်ကပ်ပြီး၊ ကျိုက်ထိုမြို့နယ်(YMBA)အသင်းဥက္ကဌ  ဗိုလ်မှူးရဲနှစ် မှဘွဲ့တံဆိပ်တော်အား ဆက် ကပ် ခဲ့သည်။

ယင်းနောက်တက်ရောက်လာသည့်ဌာန ဆိုင်ရာအကြီးအကဲများက(၃၈)ဖြာမင်္ဂလာစာမေးပွဲတွင်ထူးချွန်ဆု ရရှိခဲ့သည့် သာမဏေများ၊ သီလရှင်များ နှင့်သားငယ်၊ သမီးငယ်စုစုပေါင်း(၆၂)ဦးတို့ အားဂုဏ်ပြုလက် မှတ်နှင့်အတူ ဂုဏ်ပြု ဝထ္ထုငွေ များအားဆက်ကပ်‌ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဟေမာမြိုင်ဆရာတော် ကြီးမှဗုဒ္ဓဘာသာဝင်များအားလုံးမိမိတို့ ၏ သားသမီးများအားဗုဒ္ဓနှင့်ပတ်သက်၍သိရှိနားလည်နိုင်‌အောင်သင်ကြားဖို့လိုကြောင်းမိန့်ကြားပြီး မြို့မရမ်းချို အောင်သစ္စာ‌ ကျောင်းတိုက်မှ စာချဆရာတော်အရှင်ဒေဝိန္ဒမှ လှူဒါန်းမှုအစုစုတို့အားရေစက်သွန်းချ တရားတော်အားဟောကြား၍ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍အခမ်းအနားကိုရုတ်သိမ်းခဲ့ ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)