MNP ၊ ဇွန် ၂၆
အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ပျံလွန်တော်မူသွားကြသော ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင်များ၊ ကျဆုံးသွားကြသောတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ YMBA အသင်းအဆင့်ဆင့်မှ အမှုဆောင်များနှင့်အသင်းဝင်များ၊ စီမံအုပ်ချုပ်ရေးအဆင့်ဆင့်မှပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးသမားများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခြင်းခံခဲ့ရသော အပြစ်မဲ့ပြည်သူများ အားလုံးကို ရည်စူး၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)က ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အမျှအတန်းပေးဝေခြင်းကို ယနေ့နံနက်ပိုင်းကရန်ကုန်မြို့ရွှေတိဂုံစေတီတော်ရှိ YMBA အသင်းရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အောင်ဆန်းတောရတပ်ဦးကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော သံဃာတော်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး YMBAအသင်း ဗဟို ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များတက်ရောက်ကြသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အဂ္ဂမဟာကမ္မဋ္ဌာနာစရိယအောင်ဆန်းတောရတပ်ဦးကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက်ဆရာတော်အရှင်မြတ်များထံမှ ပရိတ်တရားတော်များနာယူကြည်ညိုကြကာ သံဃာတော်အရှင်မြတ်များအား YMBAအသင်း ဗဟို ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များက ဝါဆိုသက်န်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကပါဠိပါရဂူ၊ ရန်ကုန်တိုင်းဒေသကြီး YMBAအသင်း၏ သြဝါဒါစရိယဆရာတော်အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ မော်ကျွန်းဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၃၀၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး YMBA အသင်းရုံးကိုလည်း အကြမ်းဖက်သမားများက သုံးကြိမ်ထက်မနည်း ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment