MNP - ဇွန် ၃၀
လွိုင်ကော်မြို့နယ်၊ မီးသတ်စခန်းနှင့်(၃)မိုင်ခန့်အကွာ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်တွင် ယနေ့နံနက်(၈)နာရီခွဲအချိန်ခန့်က ဂက်စ်အိုးဖြင့် ဟင်းချက်ထားခဲ့ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဂက်စ်အိုးဖြင့်ဟင်းချက်ထားခဲ့ရာမှ မီးကူးစက်လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြကြိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းထွန်းတို့ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်သယ်ယာဉ်(၂)စီး၊ သန္ဓေ(၄၈)ဦး၊ အရန်(၁၀)ဦးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အဆောက်အဦ ၂ လုံးနှင့် အာစီ(၁)ထပ်နံရံနှင့် ပြတင်းပေါက် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူအား လွိုင်ကော်မြို့နယ် ရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - ကိုဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment