MNP - ဇူလိုင် ၂၇
ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီမှကြီးမှူးကျင်းပသည့် အသက်(၁၆)နှစ် အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(လျှော်ဖြူကုန်း-ရှေ့)တို့ ယှဉ်ပြိုင်ကစားကြရာ အခြေခံပညာအထက်တန်းကျောင်း(လျှော်ဖြူကုန်း-ရှေ့)မှ (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပွဲစဉ်တစ်လျှောက် တစ်ဦးချင်း အကောင်းဆုံးဆုများ၊ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် တာဝန်ရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - မင်းမင်းထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment