MNP - ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ခန္တီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) အမျိုးသား အသက်(၁၆) နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၂၂) ရက်နေ့မှ စတင်၍ အသင်း (၅) သင်းဖြင့် ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ပြည်သူ့အားကစားကွင်းအတွင်း ယှဉ်ပြိုင် ကစားခဲ့ကြရာ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်နေပြည်သူများက စည်ကားသိုက်မြိုက်စွာ အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲကို အ.ထ.က(ခန္တီး) (က) အသင်းနှင့် အ.လ.က (မှန်ပင်)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ကစားချိန် မိနစ်(၉၀)အတွင်း ဂိုးမရှိ သရေကျနေသဖြင့် အချိန်ပို (၁၀) မိနစ်စီ ဆက်လက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်အရှုံးမရှိသောကြောင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အ.လ.က (မှန်ပင်) အသင်းမှ ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲ သွားခဲ့သည်။
ထိုသို့ ပထမ၊ ဒုတိယ ရရှိသည့် ပြိုင်ပွဲဝင် အသင်းနှစ်သင်းမှ ကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်ခြင်း၊ တစ်ဦးချင်း အကောင်းဆုံးဆုချီးမြှင့်ခြင်း၊ အနိုင်ရအသင်းအား ဆုဖလားချီးမြှင့်ခြင်းများကို တက်ရောက်လာသည့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment