မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

40


MNP - ဇူလိုင်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးတို့ ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက  မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိပါက ကာကွယ်ဆေးထိုးနှံကြရန်နှင့် သတ်မှတ်ထားသော အကြိမ်အရေအတွက် အပြည့်အဝထိုးနှံနိုင်ရေး၊ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ်မှကြိုတင် ကာကွယ်နိုင်ရေးအတွက် ခြင်များမပေါက်ဖွားနိုင်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ၊ ဆောင်ရွက်ကြရန်နှင့် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊တောင်သူများ၏ စပါးပင်သီးနှံများကို ဖျက်ဆီးတတ်သော ရွှေခရုအန္တရာယ်မှ နှိမ်နင်းကာကွယ်ရေး၊ မိုးစပါးစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် နွေစပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြရန်နှင့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။


ထို့နောက်အဖွဲ့ဝင် (၁)ဗိုလ်မှူးဖြိုးသူရကျော်က မိမိဒေသလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေမှုနှင့် မိမိရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မိမိရပ်ရွာ တည်ငြိမ်အေးချမ်းစွာရှိရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ပြီး လုံခြုံရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


ထို့နောက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း‌ဆောင်ရွက်မှုများကို ဆွေး‌နွေးတင်ပြကြရာ တင်ပြလာမှုများ အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages