MNP ၊ ဇူလိုင် ၂
ရခိုင်ပြည်နယ်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေးနှင့် ဌာနဆိုင်ရုံးများသန့်ရှင်း သာယာရေး အတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဝန်ထမ်းများက ရုံးတွင်း၊ ရုံးပြင်၊ ရုံးရှေ့တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတို့တွင် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအား ပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အားလှည့် လည်ကြည့်ရှုအားပေးပြီး ငါးမွေးမြူရေးကန်များတွင် ငါးများမွေးမြူထားရှိမှု၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းခြေတွင် သောင်တင်ခဲ့သည့် ဝေလငါးပြာ၏ အရိုးစု များအား ထိန်းသိမ်းထားရှိမှု တို့ကို လှည့်လည် ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တိုင်းမှူးတို့က ဝေလငါး၏ အရိုးစုအား အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် စနစ်တကျ ထိန်းသိမ်းထားနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေမြို့ပေါ်ရှိရုံးများ၌ ဌာနဆိုင်ရာဝန် ထမ်းများက မိမိတို့၏ရုံးတွင်း၊ ရုံးပြင်၊ ရုံးရှေ့မျက်နှာစာများသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြုံနွယ် ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်ရေး အမှိုက်များရှင်းလင်း ခြင်းများ ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment