ငဖဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ဧက (၇၈၉) ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငဖဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ဧက (၇၈၉) ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

 

16


MNP - ဇူလိုင်   ၂၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စု(၂၂)အုပ်စုတွင် မိုးသီးနှံနေကြာစိုက်ဧက (၇၈၉) ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သောမျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးအတွက် မျိုးစေ့ထုတ် ဧက(၂၀)စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအနေဖြင့် မိုးသီးနှံ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရေးအတွက် သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးရေး၊ အပင်ပြုစုစောင့်ရှောက်ရေး နည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းကြောင့် နေကြာသီးနှံများအောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။


အဆိုပါ နေကြာသီးနှံစိုက်ပျိုးမှုအား ကျေးရွာအုပ်စု (၂၂) အုပ်စုမှ တောင်သူများ၏ လယ်မြေများတွင် ဆင်းရွှေကြာ-၂ မျိုး လျာထားဧက(၃၉၆၁)ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိစိုက်ဧက သီးထပ် (၆၉) ဧက၊ သီးညှပ် (၇၂၀) ဧက စုစုပေါင်း (၇၈၉) ဧကကို ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် စိုက်ပျိုးထားပြီး မိုးလယ်နှင့် မိုးနှောင်းကာလများတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် လာမည့်ဆောင်းရာသီတွင် ဆောင်းသီးနှံနေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages