ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပြိုလဲခြင်းနှင့်အမိုးလန် ပျက်စီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပြိုလဲခြင်းနှင့်အမိုးလန် ပျက်စီး

 

112


MNP - ဇူလိုင်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပို့တစ်ရာကျေးရွာအုပ်စု ရေလယ်သောင်ကျေးရွာတွင် လူနေအိမ်သုံးလုံး ပြိုလဲပျက်စီးပြီး လူနေအိမ်ငါးလုံး အမိုးလန်၍ စုစုပေါင်းအိမ်ထောင်စု (၂၄) စု လေဘေးသင့်မှုဖြစ်ပေါ်ခဲ့သည်။


လေဘေးသင့်မှုကြောင့် ပြိုလဲနေအိမ်မိသားစုဝင်များသည် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ယာယီနေထိုင်လျက်ရှိပြီး အမိုးလန်နေအိမ် မိသားစုဝင်များသည် နေအိမ်များကို ပြန်လည်ပြင်ဆင် နေထိုင်လျက်ရှိကြောင်းသိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages