မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သံတွဲ၌ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သံတွဲ၌ဆောင်ရွက်

029

030

031

032

MNP ၊ ဇူလိုင် ၂၂

သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် သံတွဲမြို့နယ်   သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်     မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၈နာရီက ငပလီမြို့ ဂျိတ္တောရပ်ကွက် ကမ်းခြေတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန က ပြည်သူလူထုများအား မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မည့်အစီအမံများနှင့်မုန်တိုင်းဘေးအန္တရာယ် အရောင်အဆင့်ဆင့်သတ်မှတ်ထားရှိမှုတို့ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ် အရောင်အဆင့်ဆင့် ပြောင်းလဲမှုအား သံချဲ့စက်များဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များမှ ပြည်သူများအားအသိပေးနှိုးဆော်မှုများပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်စေကာ အနီရောင်အဆင့် ပြောင်းလဲ ရောက်ရှိလာပြီဖြစ်သဖြင့် ဘေးလွတ်ရာကြိုတင် ကယ်ဆယ်ရေးစခန်းစုရပ်များသို့ ပြောင်းရွေ့ ပေးနေမှုတို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြကြပြီး  မုန်တိုင်းအညိုရောင်အဆင့်တွင် ဘေးလွတ်ရာ  စုရပ်နေရာများ၌သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမျိုးချစ်က ပြည်သူများအား     မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား     ရှင်းလင်းပြောကြားခဲ့သည်။ ပြီးနောက် သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့် ကပြည်သူများအား  မုန်တိုင်းဘေးအန္တရာယ် အတွက် ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးဟောပြောပြီးလက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြသည်။

ဆက်လက်၍ သံတွဲမြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်သည့် တပ်ဖွဲ့ ဝင်များ ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထွန်း ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မုန်တိုင်းမကျရောက်မီ စာနပ်ရိက္ခာများ၊ အရေးကြီး စာရွက်စာတမ်းများ ၊ အိုးအိမ် နှင့် ငါးဖမ်းပိုက်လှေများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများ နှင့် မုန်တိုင်းအပြီး မြေပြင်၊ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုတို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိ ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages