ဇေယျာသီရိမြို့နယ်၌ဝါးအသက်မွေးဝမ်းကြောင်းပညာသင်တန်းဖွင့်ပွဲလှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ဝါးအသက်မွေးဝမ်းကြောင်းပညာသင်တန်းဖွင့်ပွဲလှစ်

 




MNP - ဇွန်   ၃၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာရှိ ဘမ်ဘူး ဝါးကုန်ထုတ် သမဝါယမအသင်းလီမီတက်မှ  ဝါးအသက်မွေးဝမ်းကြောင်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတက်ရောက်အမှာစကားပြောကြားခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်ဒေသဟာ ဝါးအလွန်ပေါ များသည့်ဒေသဖြစ်ပြီး ဒေသခံများအနေနဲ့ ဝါးကိုအကျိုးရှိရှိအသုံးချတတ်ရန်များ စွာလိုအပ် လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများမပြုန်းတီးစေရေးအတွက် ဝါးကိုအစားထိုး အသုံးပြုခြင်း ဖြင့် နေပြည်တော်ဂေဟစနစ်ကို မပျက်ယွင်းစေရေးအတွက် များစွာအထောက် ကူပြုပါကြောင်း၊ ဝါးဖြင့်တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့်‌ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားပြီး နိုင်ငံခြားဝင်ငွေရှာဖွေနိုင်သည့်အထိ ဖွံ့ဖြိုးတိုးတက်စေနိုင်ကြောင်း၊ ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်းအနေနဲ့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဝါးပညာသင်ကြားလိုသူများကို ဝါးပရိဘောဂ သင်တန်း၊ ဝါးလက်မှုသင်တန်း၊ ဝါးအဆောက်အဦ သင်တန်း၊ ဝါးတာရှည်ခံဆေး စိမ်သင်တန်း စတဲ့လက်မှုအနုပညာပစ္စည်းများ တီထွင်ထုတ်လုပ် နိုင်အောင်သင်ကြားပေးနေတဲ့ အပြင် မျှစ်အမျိုးမျိုး၊ဝါးပေါင်းခံရေမှရရှိတဲ့ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း စတဲ့လူအသုံး အဆောင်ပစ္စည်းများ၊ စာသောက်ကုန်များအထိ အမယ်စုံသင်ကြား ဆောင်ရွက်ပေးနိုင်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တက်ရောက်လာသည့် သင်တန်းသားများ အနေနဲ့လည်း မိမိတတ်ကျွမ်းထားတဲ့ ပညာနဲ့ မိမိရဲ့ မိသားစု ဝင်ငွေတိုးပွားရေး ရှာဖွေသလို မိမိမြို့ရွာ ပြန်ရောက်တဲ့အခါ ဒေသခံများကို ဝါးပညာပြန့်ပွားရေး ထပ်ဆင့်သင်ကြားပေးခြင်း ဝါးတောများ မပြုန်းတီးစေရေး စနစ်တကျ ခုတ်ယူသုံးစွဲနိုင်အောင် အသိပညာဖြန့်ဝေပေးခြင်း၊ ဟောပြောခြင်းတို့ကို လက်လှမ်းမီသလောက် ဆောင်ရွက်သွား စေလိုကြောင်းပြောကြားခဲ့သည်။ ထို့နောက် ဘမ်ဘူဝါးကုန်ထုတ် သမဝါယမအသင်းဥက္ကဋ္ဌ ဦးတိုင်းကျော်က မိမိတို့အနေဖြင့် ပျက်စီးနေသောသဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန် လာစေရန်၊ ဝါးမှနေ့စဉ်ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ဒေသဝါးထုတ်ကုန်ကို အခြေခံကာ အဆင့် မြင့်ထုတ်ကုန်အဖြင့် တစ်ဆင့်ခြင်းအကောင်ထည် ဖော်ရန်နှင့် ဝါးမှနိုင်ငံခြားဝင်ငွေရနိုင် သော အဓိကလုပ်ငန်းဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြာင်းပြောကြားခဲ့ပြီး နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘမ်ဘူဝါးကုန်ထုတ် သမဝါယမအသင်း ခြံဝန်းအတွင်းခင်းကျင်းပြသထားရှိသည့် ဝါးလက်မှုပစ္စည်းများအား ကြည့်ရှုခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက သင်တန်းသားများအား ထောက်ပံ့ငွေကျပ် ၁၀ သိန်းပေးအပ်ခဲ့သည်။


အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံအတွင်းရှိ အမြို့မြို့အနယ်နယ်မှ သင်တန်းသား/သူ ၃၀ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ဘမ်ဘူဝါးကုန်ထုတ် သမဝါယမအသင်း မှတာဝန်ရှိသူများမှ ဝါးဖြင့်ပရိဘောဂ ပြုလုပ်ခြင်းနှင့်အဆောက်အဦး ပြုလုပ်ခြင်းများကို ဇွန်လ၃၀ ရက်နေ့မှစ၍ ၁၀ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)